Wednesday, July 18, 2012

Happy Birthday To Youuuuuuuuuuuuuuuuu.........................................

မွေးနေ့  ဆုတောင်းလွှာ
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
*♫*❤ **** Happy **** Birthday **** ♫*❤ *
╚═════════ ೋღ❤ღೋ ═════════╝"
ရာသီအလီလီ ၊ မိုးလ ၀သီ
လေဖြန်း ဝှေ့ ဝှေ့  ၊ မှေးမှိုင်းကောင်းကင်
မိုး သဲ့သဲ့ နှင့် ၊ ရွာကျသွန်းဖြိုး
စိုစွတ် ဟန်ဆင် ၊ ပင်ယံ နုနု
စိမ်းစိမ်း လျှံကာ ၊ သစ်တမာများ
မစည် ကြဲကြဲ ၊ မြေသို့ ဆီမြဲ
ဖားငယ်ခလေး လည်း ၊ လင်္ကာ ဆိုတေး
သံစဉ် ဖက်လို့  ၊ နှိုင်းတု မမှီ
ရာသီ ချိန်ဝယ် ၊ “ မင်္ဂလာ” လွှမ်းခြုံ
ကျရောက် ပါသော ၊ ယနေ့  ချိန်ကာ
ဇူလိုင်  ပက်ဖြိုး “ယဉ်ယဉ်အိ” အဖို့
မွေးနေ့  “ မင်္ဂလာ” ၊ ရက်မြတ် မဟာ ….

ရာသီ ဆန်းနှင့် ၊ မွေးနေ့  “မင်္ဂလာ”
ထွန်းတောက် ချိန်ဝယ် ၊ မွေးနေ့  ရှင် အား
စိတ်ရင်းနှင့်ဖြင့်
ထပ်တူ ပြု၍ ၊ “မင်္ဂလာ” တောင်းဆု
စိတ်ဝယ် စု လို့  ၊ ပြုရ လို ကာ
ယနေ့  မှ စ ၊ မွေးနေ့  ရှင် သည်
ရွှင်ရွှင် လန်းလန်း ၊ ကံရောင် ဆန်းဖြင့်
ချမ်းချမ်း မြေ့မြေ့ ၊ စိတ်စဉ် စမ်းနှယ်
နှစ်နှစ် လလ ၊ ဘဝ ဆက်တိုင်
လိုအင်တောင့်တ. ပြည့်ပြည့်၀၀
ဆင့်ဆင့် ကဲကဲ ၊ မြဲမြဲ ဖွယ်ဖွယ်  ဆိုက်ရောက်လာပါစေ....
 သူငယ်ချင်းညာဏ်ရွှေဆီမှ မွေးနေ့ဆုတောင်းလွှာများအတွက် ရင်မှ လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။ 
သူငယ်ချင်း..... ကျေးဇူးတင်ခြင်းကို 
နှုတ်ကတဖွဖွမဆိုချင် .... ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ
နက်နက်နဲနဲရှိနေတယ်ဆိုတာ 
ငါယုံကြည်နေသလို 
အပိုစကားတွေမလိုပါပဲ 
နှလုံးသားထဲကတဆင့် 
နင်ခံစားကြားသိနေတယ်မဟုတ်လား?..........။ 
 by. Rc. 

(12.18 am 18.July.2012)



No comments: