Saturday, March 3, 2012

Hair Loss ဆံပင်ကျွတ်ခြင်း

1. Hair Is Tied to Self-Image ဆံပင်ဟာ လူ့ရုပ်အင်္ဂါနဲ့ ဆက်နေပါတယ်။ ဆံပင် ရှည်တာ၊ တိုတာ၊ ကောက်တာ၊ ဖြောင့်တာ၊ ဘာဖြစ်ဖြစ် လူ့အင်္ဂါရုပ်ကို ဖေါ်ပြနေတယ်။ ရိုးလွန်းတယ်၊ ခေတ်ဆန်တယ်၊ ကလက်တယ်လို့ အကဲဖြတ်ခံရမယ်။ ကံမကောင်း အဆင်မပြေတဲ့နေ့ကို Bad hair day လို့ ပြောကြတယ်။ အဲလိုအရေးပါတဲ့ ဆံပင် ကျွတ်ရင် ဘာလုပ်မလဲ။

2. Hair Loss Common in Women အမျိုးသမီးတွေမှာ အဖြစ်များလှတယ်။ ၄ဝ% သော ဆံပင်ပါးတာဟာ အမျိုးသမီးတွေမှာ ဖြစ်တယ်။ ခေါင်းတခုလုံးမှာ ဆွပင်ပါးနေတာနဲ့ ကွက်ပြီးဖြစ်တာရှိတယ်။ ထိပ်ပြောင်တာတော့ အမျိုးသားတွေမှာသာဖြစ်တယ်။

3. How Hair Grows ဆံပင်က ဘယ်လိုပေါက်လာသလဲ။ ခေါင်းတလုံးမှာ ပျမ်းမျှ ဆံပင်ပေါင်း တသိန်းရှိတယ်။ တလမှာ လက္မဝက်လောက်နှုန်းနဲ့ ရှည်ထွက်နေတယ်။ ၂ နှစ်ကနေ ၆ နှစ်နေရင် ဆံပင်ဟာ ဆက်မရှည်တော့ဘဲ ကျွတ်လာနိုင်တယ်။ နောက် ဆံပင်သစ်ပေါက်လာမယ်။ ဆံပင် ၈၅% ဟာ အသစ်ပေါက်လာနေတာဖြစ်ပြီး ကျန်တာက နားနေချိန်ဖြစ်မယ်။

4. How Much Hair Loss ဆံပင်ဘယ်လောက်ကျွတ်တာ ပုံမှန်ခေါ်မလဲ။ ဆက်မရှည်တော့ဘဲ နားနေတဲ့ဆံပင်က ကျွတ်လာမယ်။ တနေ့မှာ ၅ဝ-၁ဝဝ ကျွတ်ကျနေတယ်။ ဒိထက် သိပ်များရင် ပုံမှန်မဟုတ်ပါ။ တတွေးကြီး ကျွတ်တာမျိုး။ တဖြေးဖြေး ပါးလာနေတာမျိုး။

5. Roots of Hair Loss ဆံပင်ကျွတ်စေတဲ့အကြောင်းတရား အပါး ၃ဝ လောက်ရှိတယ်။ Medical conditions ကျန်းမာရေးကြောင့်ရော Lifestyle factors လူနေမှုပုံစံကြောင့်ပါ ဖြစ်စေနိုင်တယ်။ တခါတလေ ဘာလို့လဲ မသိဘူး။

6. Measuring Hair Loss ဘယ်လောက်များများ ကျွတ်နေသလဲ။ Savin scale ဆိုတဲ့နည်းနဲ့ တိုင်းနိုင်တယ်။ Androgenic alopecia မှာ Genetics မျိုးရိုးနဲ့ Aging အသက်အရွယ်လဲပါတယ်။ Hormonal changes of menopause သွေးဆုံးချိန်မှာ ပြောင်းလာတဲ့ ဟော်မုန်းလဲ ပါတယ်။

7. Hair Loss Trigger ဆံပင်ကျွတ်စေတဲ့ အကြောင်းခံတွေ -
a. Thyroid Problems (သိုင်းရွိုက်) လည်ပင်းကြီးနဲ့ဆိုင်တာ။ Thyroid hormone (သိုင်းရွိုက်) ဟော်မုန်း နည်းလာရင် ဖြစ်နိုင်တယ်။ တချိန်ထဲမျာ လူက ပိုဝလာမယ်။ အအေးမခံနိုင်ဘူး ဖြစ်လာမယ်။ နှလုံး ခုန်တာလဲ ပြောင်းလိမ့်မယ်။ ဒါမှ လည်ပင်းကြီးနဲ့ဆိုင်တာလို့ ပြောနိုင်မယ်။
b. PCOS မျိုးဥအိမ်မှာ အကျိတ်လေးတွေဖြစ်ခြင်း။ ဟော်မုန်းတွေ ပုံမမှန်တာ ရေရှည်ဖြစ်နေမယ်။ Androgens ယောက်ျား-ဟော်မုန်းတွေ လိုတာထက် ပိုထွက်မယ်။ တခြားနေရာတွေမှာတော့ အမွှေးတွေ ပိုပေါက်မယ်။ ဝက်ခြံထွက်မယ်။ ကလေးမရဖြစ်မယ်။ လူကပိုဝလာမယ်။ ဆံပင်ပါးပြီး ကျွတ်မယ်။
c. Alopecia Areata ဆံပင်ကွက်ကျွတ်ခြင်း။ Immune system ရောဂါပြီးစနစ်ကြောင့်ဖြစ်မယ်။ တချို့မှာ သေတပန် သက်တဆုံးဖြစ်သွားတယ်။ ၆ လ တနှစ်နဲ့ကောင်းတာလဲရှိတယ်။ တချို့မျာ တကိုယ်လုံးက အမွှေးတွေပါ နည်းပါးလာတယ်။
d. Ringworm ဆံပင်ပွေး။ ယားမယ်၊ ဆံပင်ကျွတ်တဲ့နေရာက ခပ်ဝိုင်းဝိုင်း၊ ခပ်နီနီ၊ အရေပြား ကွာကျတာမျိုး ဖြစ်တယ်။ Antifungal medication ဆေးနဲ့ပျောက်မယ်။ အတူနေတွေကို ကူးနိုင်တယ်။
e. Childbirth ကလေးဖွါးလိုက်ရလို့လဲ ဆံပင်ကျွတ်နိုင်တယ်။ တချို့မှာ ကိုယ်ဝန်ဆောင်တုံးကတည်းက ဆံပင်ထူနေမယ်။ တချိုကမှာ ပုံမှန်ပြန်ဖြစ်အောင် ၂ နှစ်လောက်ကြာတတ်တယ်။
f. The Pill ကိုယ်ဝန်တားဆေး။ မျိုးဥထွက်မှာကို တားတဲ့ဟော်မုန်းကြောင့် ဆံပင်ပါးစေနိုင်တယ်။ အထူးသဖြင့် အမေတူတွေမှာဖြစ်တယ်။ တခါတလေ တားဆေးရပ်လိုက်မှ ဖြစ်တယ်။ တားဆေးကို ကုတဲ့နေရာမှာလဲ သုံးသေးတယ်။ Blood thinners သွေးကျဲဆေး၊ သွေးကျဆေး၊ နှလုံးရောဂါဆေး၊ အဆစ်နာဆေး၊ စိတ်ကျဆေးတွေနဲ့လဲ ဆက်စပ်နိုင်တယ်။
g. Crash Diets ပိန်ချင်လို့ အစာကို အတင်းလျော့စားလွန်းရင် အလေးချိန်နည်းတာထက် ဆံပင်က ပိုနည်းစေတတ်တယ်။ စားတဲ့ထဲမှာ (ပရိုတင်း) နည်းပြီး ဗီတာမင် (အေ) များနေလို့ ဖြစ်နိုင်တယ်။
h. Tight Hairstyles ဆံပင်ပုံစံ နဲ့ စည်းနှောင်တာ တင်းကြပ်နေရင်လဲ ဆံပင်ကျွတ်စေနိုင်တယ်။ Cornrows နဲ့ Tight ponytails ပုံစံတွေဖြစ်တယ်။ Tight rollers သုံးတာမျိုး။
i. Cancer Treatment ကင်ဆာ ကုသနေရရင်လဲ ဖြစ်နိုင်တယ်။ Chemo ဆေးဝါးရော Radiation therapy ဓါတ်ကင်တာရောကနေ ဖြစ်စေနိုင်တယ်။ ဆေးကုတာရပ်ရင် ပြန်ကောင်းလာပါမယ်။
j. Extreme Stress စိတ်ဖိအားများလွန်းရင်လဲ ဖြစ်နိုင်တယ်။ စိတ်ရော ရုပ်ပါဆိုင်တယ်။ ရောဂါဝေဒနာကြီးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဝမ်းနည်းပူဆွေးတာ။

8. Treating Hair Loss ဘယ်လိုကုသမလဲ။
a. Medicine ဆေး။ Minoxidil (Rogaine) ဆေးကို FDA ကနေ Female pattern hair loss အမျိုးသမီး-ပုံစံ ဆံပင်ကျွတ်တာကုဘို့ အသိအမှတ်ပြုပေးထားတယ်။ Alopecia areata ကွက်ကျွတ်တာအတွက် Corticosteroids (ကော်တီကို-စတီရွိုက်) ဆေးနဲ့ သက်သာစေနိုင်တယ်။
b. Laser Devices (လေဆာ) နည်း။ ယောက်ျား-မိန်းမ သုံးလို့ရတယ်။ ၂-၄ လကြာမှ အကျိုးရှိလာမယ်။

9. Hair Transplants ဆံပင်ပြန်စိုက်ပေးနည်း။ ဆံပင်ထူတဲ့နေရာကနေ ယူပြီးစိုက်ပေးမယ်။ ခက်တာက ဆံပင်ပါးရင် ဘယ်ကယူမလဲ။

10. Coping With Thinning Hair ရှိတာနဲ့ တတ်နိုင်သလောက် ပြုပြင်ပြီးနေမယ်။ ဆံပင်ပညာရှင်တွေကနေ အကောင်းဆုံး လုပ်ပေးနိုင်တာရှိနိုင်တယ်။ ကိုယ်တိုင်လဲ ကြံဆနိုင်တယ်။ ရောင့်ရဲတတ်ရင် စိတ်သက်သာရာ ရမယ်။


Source: Dr. တင့်ဆွေ (http://dts-medicaleducation.blogspot.com/)

No comments: