(ရေ ရွတ်မိတဲ့ စကားပုံလေးက ရှေးရှေးတုန်းက ယောကျာ်းလေးတွေအတွက် အထူးဖွဲ့ဆိုထားတာနေပါလိမ့်မယ်၊ အခုအချိန်မှာတော့ မိန်းကလေးတစ်ချို့အတွက်လည်း အကျုံးဝင်နေပါပြီ။)
လူကိုဖျက်တာ အရက်
ဓါးကိုဖျက်တာ ၀ါးမြက်
+ မိတ်ကိုဖျက်တာ အမျက် (၀ါ) မိတ်ဆွေကို ဖျက်တာ အမျက်
လို့ ကျွန်မ တိုးတိုးလေး အိပ်ချင်ဝိုးတ၀ါး ရေရွတ်မိတာလေးကို တင်လိုက်တာပါ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဝေဖန်ပိုင်းခြားနိုင်ပါသည်။ ရုပ်ရှင်အကြည့်များတော့ drama တွေစွဲပြီး အိပ်မက်တွေ လွဲကုန်ပြီထင်ပါရဲ့...........။
သူငယ်ချင်းများလည်း အိပ်စက်ခြင်းကို ပျက်စေတတ်သော အိပ်မက်ဆိုးဘေးမှ ကင်းဝေးကြပါစေ။
ဒါဆို အအိပ်ကိုဖျက်တာ အိပ်မက်ပေါ့နော်..............။:)
ဖတ်မှတ်မိသမျှတွေထဲမှ အမျက်ဒေါသနဲ့ စပ်ဆက်တဲ့ စာပိုဒ်လေးပါ ပူးတွဲတင်လိုက်ပါတယ်။
ဒေါသသည်.............
အကျိုးမဲ့ကို ဖြစ်စေတတ်၏။ ဒေါသသည် စိတ်ကို ချောက်ချားစေတတ်၏။ အတွင်းစိတ်၌ဖြစ်သော ထိုဒေါသဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။ အမျက်ထွက်သောသူသည် အကျိုးကိုမသိ၊ အမြတ်ထွက်သောသူသည် တရားကိုမမြင်၊ အကြင်အခါ၌ ဒေါသသည် လူကိုလွှမ်းမိုးဖိစီး၏။ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။
အကြင်သူသည် ဒေါသကို ပယ်သောကြောင့် အမျက်ထွက်ဖွယ် ရူပါရုံ စသည်၌ အမျက်မထွက်၊ ထန်းသီးမှည့်သည် အညှာမှ ကြွေကျရသကဲ့သို့ ထိုသူ၏ဒေါသသည် ထိုအမျက်ထွက်ဖွယ်အာရုံမှ ကင်းပျောက်၏။
ကိုးကား မိခင်သာသနာ (ရေနံချောင်း)
http://tejaniyakanyaylay.blogspot.com/2010/01/blog-post_04.html
http://tejaniyakanyaylay.blogspot.com/2010/01/blog-post_04.html
"မေတ္တာစိတ်ဆောင် ဒေါသရှောင် ပူလောင်ခြင်းမှ ကင်းပါစေ......"