Monday, December 31, 2012

နှစ်ဟောင်းနှုတ်ဆက် နှစ်သစ်ကိုကြိုဆိုသည်

နှစ်ဟောင်းကို လက်ပြနှုတ်ဆက်ဖို့ အဆင်သင့်မဖြစ်သေးပေမဲ့ စက္ကန့်တွေကိုတော့ တားဆီးထားလို့မရနိုင်ဘူး......။ တရွေ့ရွေ့နဲ့ သွားနေတာ။  မေ့ထားချင်ယောင်ဆောင်လို့မရတဲ့အရာထဲမှာ အချိန်ဆိုတာလည်း တစ်ခုအပါအ၀င်။

၂၀၁၂ မှာ ဘာတွေဖြစ်ပြီး ဘာတွေပျက်ခဲ့တာလဲ တရားသဘောအရ စက္ကန့်တိုင်း ဖြစ်ပျက်နေပေမဲ့လည်း
လောကီသားပီပီ ဒီလိုမြင့်မြတ်တဲ့ ဖြစ်ပျက်မှုတွေကိုတော့ သတိမထားမိတာတော့အမှန်။

တစ်နေကုန်တစ်မိုးချုပ်လို့ တစ်ရက်အသက်ကြီးအိုစာလာပြီဆိုတာကို လျစ်လျူရှုထားနိုင်ပေမဲ့လည်း တစ်နှစ်တာကုန်ဆုံးချိန်မှာတော့ သတိမထားချင်တဲ့ကြားကနေ အသိထဲကို ၀င်ဝင်လာတာက တစ်နှစ်အသက်ကြီးလာပြီဆိုတာပါပဲ။

အသက်ကြီးတိုင်းရင့်ကျက်လာပြီလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။ သေချာတယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ နှစ် (အသက် ၁၉နှစ်) တုန်းကလောက် ရင့်ကျက်တည်ငြိမ်မှုမရှိတာ ကိုယ်တိုင်အသိဆုံး။ ဆုံးဖြတ်ချက်တွေမခိုင်မာ၊ လေလွင့်နေတာသိသိကြီးနဲ့ မီးကုန်ယမ်းကုန် ရွက်လွှင့်ချင်နေသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ရေစုန်မှာ မျောနေမိပြီဆိုတာ နဲနဲလေး သတိထားမိရုံကလွဲလို့ လှော်တက်ကို လှမ်းကိုင်ဖို့ ကိုယ့်ပဲ့ကိုယ်ထိန်းဖို့တော့ စိတ်မကူးမိသေး။

၂၀၁၂ မှာ ကျွန်မခင်မင်ရသော သူငယ်ချင်းတွေကော ဘာတွေ ရပြီး ဘာတွေရှုံးဆုံးခဲ့ရသလဲ။ ပျော်စရာနဲ့ ၀မ်းနည်းစရာ အချင်းချင်းချေချလိုက်ရင် ဘယ်အရာက အပိုကျန်ခဲ့တာလဲ။ ပျော်ရွှင်စရာတွေအပိုကျန်ပါစေလို့တော့ ဆုတောင်းပေးတယ်နော်။

ကျွန်မအတွက် ရလိုက်တာတွေတချို့ရှိခဲ့ပါတယ်။ သံယောဇဉ်အတွယ်အတာ အနှောင်အဖွဲ့တွေကို ကြိုးစားဖြေလျော့ချင်တဲ့ အသိစိတ်လေးတစ်ခုတော့ရလိုက်တယ်။ အကောင်အထည်ဖော်ဖို့တော့ အားယူရပါဦးမယ်။ ဆုံးရှုံးလိုက်တဲ့ အရာတော့ ၂ ခုရှိတယ်။ ဘ၀အတွက် တန်ဖိုးအကြီးဆုံးမဟုတ်ပေမဲ့ ရတနာစိန်ရွှေတွေနဲ့ မလဲနိုင်တာတော့အမှန်ပဲ။

ဆုံးရှုံးလိုက်ရတဲ့အရာ ၂ ခုကြောင့် ကျွန်မကိုကျွန်မ ထပ်ပြီးသတိထားမိလိုက်တာက စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေနဲ့ ခံနိုင်ရည်နည်းတဲ့ကိုယ့်ကိုယ်ကိုယ် သိလိုက်ရတယ်။ ခံရပါများလေလေ အရေထူလာလေ မဟုတ်ပဲ တိုက်စားခံရတာတွေများလာတော့ ခံနိုင်ရည်အလွှာတွေ ပါးပါးလာတာကို သိလိုက်ရတယ်။  နောက် ဒုတိယဆုံးရှုံးမှုကနေ ရလိုက်တဲ့အသိတစ်ခုကတော့ မလိုချင်ခဲ့တဲ့အရာတစ်ခုအပေါ် ဆုံးရှုံးလိုက်ရမှပဲ အတ္တလောဘတွေ ကပ်ငြိနေခဲ့တာကို သိလိုက်ရတယ်။  လောဘစိတ်ထားစမ်းပါလို့ ကျွန်မကိုပြောဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို တစ်နေ့ပြန်ဆုံရင် ကျွန်မ လောဘကြီးတတ်နေပြီဆိုတာကိုလည်း ပြောပြရဦးမယ်။


ဘ၀သက်တမ်း တစ်ဝက်ကျိုးခါနီးပြီလို့ သတ်မှတ်လို့ရနိုင်တဲ့ ဒီအသက်အပိုင်းအခြားမှာ
ဒီ ၂၀၁၂ အထိ ဘ၀မှာ တန်ဖိုးထားတဲ့အရာ လေး ခု ဆုံးရှုံးခဲ့ရပြီးပြီ။ မိသားစုဝင်၊ မိတ်ဆွေ၊ ချစ်သူ...... ဘ၀ခရီးတစ်လျှောက်လုံး ဒီလူတွေထက် ပိုကြီးအရေးကြီးတာ ဘာတွေရှိသေးလဲ? ကျွန်မဘ၀ကတော့ ကျွန်မချစ်သော မိသားစု မိတ်ဆွေ ချစ်သူ တွေရဲ့မေတ္တာ သံယောဇဉ်နဲ့သာ ဖွဲ့တည်ထားသလိုပါပဲ။

 ဒီအထဲက တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတိုင်း ဘ၀တစ်စိတ်တစ်ပိုင်း ပြတ်ရှသွားသလို အပိုင်းဖြတ်ခံလိုက်ရသလို ခံစားခဲ့ရတယ်။ ပိုတယ်လို့ ပြောမယ်ဆိုရင် ကျွန်မက အပိုခံစားတတ်သူလို့ သတ်မှတ်နိုင်ပါတယ်။ အဲလို ဘ၀အကွေ့မှာ ဆုံးရှုံးခဲ့ရတာ ပထမအကြိမ်နဲ့ ဒုတိယတအကြိမ်က ၁၃ နှစ်ခြားတယ်။ တစ်ကြိမ်ကို တစ်မျိုးပဲဆုံးရှုံးလိုက်ရပေမဲ့ အခုဒီနှစ်မှာ ၂၀၁၂ မို့လားမသိဘူး ....နှစ်နဲ့စ နှစ်နဲ့ဆုံးလို့ ထင်တယ် တန်ဖိုးထားတဲ့အရာ၂ ခုကို ဒုတိယအကြိမ် ဆုံးရှုံးမှုရဲ့ ၂ နှစ်ခြားမှာ တတိယအကြိမ်အဖြစ် ထပ်ကြုံရပြန်တယ်။ ၂၀၁၂ မှာ ကမ္ဘာကြီး မပျက်သုန်းသွားခဲ့ပါဘူး။ ကျွန်မလည်း ကျန်းမာစွာအသက်ရှင်ရင်း နေ့ရက်တွေကို ဖြတ်သန်းနေတုန်းပါပဲ.....။

 နောက်ထပ်ကော.....ဘ၀မှာ ဘာတွေများ ထပ်စတေးရဦးမလဲ ဘာများထပ်ပြီးဆုံးရှုံးရဦးမှာပါလိမ့်။ တစ်ပိုင်းချင်း တစ်ပိုင်းချင်း ထပ်ပြီး ပိုင်းဖြတ်ခံနိုင်ဖို့ အသိစိတ်ခပ်ပါးပါးလေးနဲ့ ကြိုတင်ပြင်ဆင်ဖို့ တော့ စိတ်ကူးထားတယ်။ ဘယ်အချိန်မှာမေ့ပြီး လောကလှည့်ကွက်ထဲ မျောပါနေမိဦးမလဲတော့ မသိနိုင်ဘူးပေါ့လေ...........။တစ်နေ့ လေပြေအလာချိန်ကို စောင့်စားနေမိတာ အမှားများဖြစ်နေမလား။ ဖြတ်သန်းခဲ့သမျှတော့ အသက်ကြီးရင့်လာလေလေ လောကဓံက ကြမ်းတမ်းလာလေလေပါပဲ။ မုန်တိုင်းကို လေပြေလို့ သတ်မှတ်ယူဆနိုင်မဲ့နေ့မှပဲ ဘ၀လေပြေဆိုတာ တွေ့ကြုံခံစားနိုင်တော့မယ်ထင်တယ်။

ဒီတော့.... ဘာပဲဖြစ်ဖြစ် ၂၀၁၂ ကို နှုတ်ဆက်ခဲ့ပါတယ်။ သက်ပြင်းရှည်နဲ့ နှုတ်ဆက်လိုက်ပေမဲ့လည်း ၂၀၁၃ ကိုတော့ လန်းဆန်းပေါ့ပါးစွာ အပြုံးနဲ့ ကြိုဆိုလိုက်ပါတယ်။ သူငယ်ချင်းတို့လည်းပဲ ၂၀၁၂ ကို အတိတ်မှာထားရစ်ခဲ့ပြီး ပစ္စုပ္ပန်ဖြစ်လာမဲ့ ၂၀၁၃ နေ့ရက်တွေမှာ အပြုံးတွေနဲ့ ပေါ့ပါးပျော်ရွှင်နိုင်ပါစေလို့ နှစ်သစ်မှာ မေတ္တာပို့ ဆုတောင်းပေးလိုက်တယ်..........။

:) မၝဳဪသႝာံတၞိရအၜ.............ေပ်ာ္ရႊင္စရာ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ.......... Happy New Year............
สวัสดีปีใหม่ ........:)



Thursday, December 6, 2012

၆.၁၂.၂၀၁၂

တညလုံး မအိပ်ပဲ မနက်လင်းသွားပြန်တယ်.........ဒီနေ့မနက်ခင်းမှာ ငှက်ငယ်တေးဆိုသံတွေထက် ကြေကြေကွဲကွဲနဲ့ လွမ်းတေးဖွဲ့နေတဲ့ ဥသြငယ်ရဲ့အသံလေးက တကယ့်ကို လွမ်းလွမ်းဆွတ်ဆွတ်နဲ့ကြားလိုက်ရတယ်။ ဥသြတွေ တေးဆိုသံက သာယာနာပျော်ဖွယ်လို့ တင်စားကြတာကို ဖတ်မှတ်ဖူးတယ်။ ကြားနေရတဲ့ ဥသြသံလေးက တေးဆိုနေတာမှဟုတ်ရဲ့လားလို့ တွေးမိတယ်။ ကြင်ဖော်လွမ်းလို့ ကြေကွဲစွာ ငိုယိုမြည်တမ်းနေသယောင် ကြားရတာ တကယ်ပဲ ၀မ်းနည်းစရာကောင်းလွန်းနေတယ်။ ဥသြငယ်လေးရယ်.......နင့် ကြင်ဖော်နဲ့ဝေး လွမ်းဆွေးရခြင်းမှ လွတ်ကင်းပါစေ.............။  
 နေ့ခင်းလောက်မှာလည်း ဂစ်တာသံသဲ့သဲ့နဲ့ ညီမငယ်လေးရဲ့ တေးသီသံလေးက လွမ်းမောစရာကောင်းလွန်းနေသလို ဆွေးဆွေးမြေ့မြေ့နဲ့ ရင်ထဲမှာလည်းလောင်လောင်မြိုက်မြိုက်။ မနေ့ညတုန်းကလည်း ဆွဲဆွဲငင်ငင်နဲ့ သူ့တယောသံစဉ်လေးကြားမိသေးတယ်။ သံစဉ်လေးကို နှစ်သက်မိပေမဲ့ သူ့ချစ်သူကို လွမ်းနေတာများလို့ စာနာစွာတွေးမိသွားတယ်။ ဝေးနေတဲ့ခဏ တ၀ကြီးလွမ်းပါ ညီမငယ်။ စိတ်ထဲကလည်း သူတို့တွေရဲ့ ချစ်ခရီးလမ်းဖြောင့်ဖြူးသာယာပါစေလို့လည်း  တောင်းဆုခြွေမိပါတယ်။ ချစ်ညီမငယ်ရေ..........မင်းချစ်သူနဲ့တူယှဉ်တွဲ ဘ၀တိုက်ပွဲကို ပြုံးရွှင်စွာ ဆင်နွှဲနိုင်ပါစေ......။  
 စကားချပ်။ ။ သူတို့တတွေမဆွေးပဲနဲ့ ပျော်ရွှင်စွာတေးသီနေကြတာလည်းဖြစ်နိုင်ပါတယ်လေ။ ကိုယ်ကသာအရာရာလွမ်းစရာတွေလို့ ထင်မြင်နေတဲ့စိတ်ကြောင့်ဒီလိုတွေးမိတာလည်းဖြစ်နိုင်ပါတယ်။ ဘာမှမဆိုင်ပေမဲ့လည်းဂစ်တာသံနဲ့ ဥသြသံကြားတိုင်းပိုပိုလွမ်းမိသလိုပဲ။:) ဒီဇင်ဘာရောက်လာပြီ နောက်ထပ် အလွမ်းရာသီလေးဆီကို ခြေလှမ်းစ၀င်နေရပြန်ပြီပေါ့..........။ သူငယ်ချင်းများအားလုံး ဆောင်းရာသီမှာ အေးချမ်းမှုတွေနဲ့သာယာတဲ့မနက်ဖြန်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ မေတ္တာပို့ပါတယ်နော် 

Monday, November 26, 2012

ဒီနေ့အတွေး (၂၆.၁၁.၂၀၁၂)

ထိုင်နေရတာ နဲနဲညောင်းလာလို့ ၀ရံတာလေးဘက်ထွက်ပြီး ထုံးစံအတိုင်း လရှိရှိ မရှိရှိ ကောင်းကင်ကိုမော့ကြည့်တတ်တာ အကျင့်ပါနေပြီ....။ ဒီညတော့ ကောင်းကင်အလည်တည့်တည့်မှာ သာနေတဲ့လကို တွေ့လိုက်ရတယ်။ လမင်းရဲ့ဘေးနားတစ်ဝိုက် စက်ဝိုင်းကြီးလိုလို အလင်းတွေတွေ့လိုက်တော့ သူငယ်ချင်းတွေကို ခေါ်ပြချင်စိတ်တွေပေါ်လာတယ်။ ဘယ်သူငယ်ချင်းကိုခေါ်ရပါ့မလဲ........။ ကိုယ့်လို ရူးတဲ့သူ (ရန်စစ်)မှာ တစ်ယောက်မှ မရှိလောက်တော့ဘူးထင်တယ်။ ဖုန်းခေါ်ပြီး အရင်လို တစ်ယောက်ချင်းလိုက်ပြောဖို့ကြောင်တယ်လို့ ထင်သွားဦးမယ်။ ဖေ့ဘွတ်မှာသွားရေးဖို့ကျတော့လည်း သိပ်ပြီးဝါသနာမပါပြန်ဘူး။ ကိုယ့်ဗီဇကိုက ဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ လှောင်နေရတာကို သဘောကျတတ်တာထင်တယ်။ ဘာပဲဖြစ်ဖြစ် မနက်တုန်းကတော့ စာလေးတစ်စု ဖေ့ဘွတ်ပေါ်တင်ဖြစ်လိုက်ပါတယ်။ တခါတလေ အဲလိုလေးတင်ကြည့်ရတာလည်း စိတ်ဖျော်ဖြေမှုတစ်ခုပေါ့။

ဒီနေ့မှာတော့ စာရေးချင်စိတ်ကိုဖြစ်စေတဲ့မြင်ကွင်း ၃ ခုကို အာရုံဝင်စားဖြစ်ခဲ့တယ်။ မရေးဖြစ်တာက ပျင်းလို့ရော စိတ်တွေဒွိဟဖြစ်နေတာရောပေါ့။ ညနေတုန်းက ဆည်းဆာနေ၀င်နေတာလေးကိုကြည့်ပြီး ဘ၀နေ၀င်တာနဲ့ စပ်ဆက်တွေးမိသွားတယ်။ လူတွေတော်တော်များများ ဆည်းဆာကို တမြတ်တနိုးနဲ့ တန်ဖိုးထားခံစားတတ်ကြတယ်။ တရားသဘောနဲ့တွေးကြည့်လိုက်ရင် ဆည်းဆာဆိုတာ တစ်နေ့တာရဲ့ကုန်ဆုံးချိန် ဘ၀တစ်ခုရဲ့နေ၀င်ချိန်ပေါ့။ ဘ၀ဇာတ်သိမ်းတဲ့ လူ့ဘ၀ဆည်းဆာတွေမှာတော့ သိမ်းမူးပျော်ဝင်စရာကောင်းတယ်ရယ်လို့ဆိုတာ တခါမှ မကြားဖူးသေးဘူးဆိုတာလေးတွေးမိရင်း ငါ့ဘ၀ဆည်းဆာမှာရော ဘယ်သူတွေကများ မြတ်နိုးတန်ဖိုးထားကြမှာပါလိမ့်လို့ မဆီမဆိုင်တွေးမိသွားတယ်။

ဒုတိယမြင်ကွင်းတစ်ခု ညနေမိုးချုပ်ခါနီးလေးမှာ မိုးလေးဖွဲရာကနေ နဲနဲသဲသဲလေးရွာလိုက်သေးတယ်။ မိုးရွာရင်လည်း အပြင်ထွက်ပြီး မိုးငွေ့လေးကို မျက်နှာမှာ ဖျန်းပက်စေတဲ့အကျင့်တစ်ခုလည်း တိုးလာခဲ့တယ်။ တစ်ယောက်တည်းနေတာများတော့ ဂေါက်ကြောင်လာသလားတော့မပြောတတ်ဘူး။ လုပ်ချင်တာတွေ လျှောက်လုပ်နေတာတော့အမှန်ပဲ။ အဲလို မျက်နှာကို ၀ရံတာအပြင်ရောက်နိုင်သလောက်ရောက်အောက် ခြေဖျားလေးထောက် မျက်နှာလေးမော့ပြီး မိုးရေတွေခံရတာလည်း စိတ်ကို တစ်မျိုးပေါ့ပါးစေတယ်လို့ ခံစားမိတယ်။ မိုးရေလေးမျက်နှာပေါ် အေးအေးလေးကျနေတာကို အရသာခံရင်း အခန်းဟိုဘက် သစ်ပင်ကြီးရဲ့ သစ်ရွက်တွေပေါ် မိုးပေါက်လေးတွေကျတဲ့အသံတွေကလည်း တကယ့်ကို ဘသာဝကျကျ အနုပညာဆန်လွန်းနေတယ်။ အဲလိုနဲ့ပဲ မဆီမဆိုင် သစ်ပင်ကြီးကို ကျေးဇူးတင်မိပြန်တယ်။ ဒီသစ်ပင်ကြီးရှိနေလို့သာ မိုးစက်တွေသစ်ရွက်ပေါ်ကျတဲ့ သဘာဝသံစစ်စစ်ကို နားထောင်ခွင့်ရတာပေါ့ဆိုပြီးတော့ ကြံကြံဖန်ဖန် ကျေးဇူးတင်မိခဲ့တယ်။ ဒီနေရာမှာ ဒီလို သဘာဝတွေက ရှားသထက်ရှားလာတာဆိုတော့လဲ................။

နောက်ဆုံးတစ်ခုကတော့ ပထမဆုံးမှာရေးထားတဲ့ လမင်းကြီးပဲပေါ့။ မိုးလေးပြန်စဲသွားတာ နဲနဲကြာတော့ အပြင်ဘက်အပျင်းဆန့်ထွက်ရင်း လမင်းကြီးကို စက်ဝိုင်းကြီးနဲ့မြင်လိုက်ရတော့လည်း ခေါ်စရာမရှိ ပြောစရာနတ္ထိမို့ ဒီစာလေးရေးမိပါတယ်။ဘာပဲပြောချင်ချင် စာတွေနဲ့ချရေးလိုက်ရတာကလည်း စိတ်ထွက်ပေါက်တစ်ခုပဲမဟုတ်လား.............။

Saturday, November 24, 2012

Never Give Up,,,

မျှော်လင့်ချက်တွေ ရိတ်သိမ်းမခံရစေနဲ့
မိုးမခပင်အောက်က နွေဦးပွဲတော်အတွက်
မြင်းရိုင်းကို ဒုန်းစိုင်းလိုက်ပါတော့
ဟင်းလင်းပြင်ထဲက အနားစွန်းကိုပဲ
ယုံကြည်ချက်အပြည့်နဲ့ ဖက်တွယ်ထားပါ
ဒီလိုမှီခိုနေရင်းနဲ့..
တစ်နေ့မှာတော့ လွတ်မြောက်ကောင်းပါရဲ့
ဘယ်လိုပဲဖြစ်ဖြစ်လေ ...
ဓါးသွားတွေပြည့်နှက်နေရင်တောင်
ဒီလွင်ပြင်ကို မင်းဖြတ်ရမယ်....

မျှော်လင့်ချက်တွေ ရိတ်သိမ်းမခံရစေနဲ့
နှင်းဆီတွေရဲ့တိုက်ပွဲအတွက်
ယုံကြည်ချင်းဓါးကို ထုတ်လိုက်ပါတော့
ကောက်ရိုးတစ်မျှင်ပဲ ဖြစ်ဖြစ်
မလွတ်တမ်း ဆုပ်ကိုင်ထားပါ
ဒီလိုကူးခပ်နေရင်းနဲ့ ..
တစ်နေ့မှာလမ်းတွေ့ကောင်းပါရဲ့
ဘာတွေပဲဖြစ်ဖြစ်
မီးထဲမှာ လောင်ကျွမ်းတိုင်း....
" ဖီးနစ်" ငှက်ကို သတိရလိုက်ပါ......


ရေးသူ- ခေါင်ခေါင်
မူရင်းဆိုဒ် ဒီမှာ ပါ။

Thursday, November 15, 2012

ငါ့အတွက်ကျိန်စာ


ယုံကြည်ခဲ့မိသမျှ လှည့်စားခံရတဲ့အခါ
 
နားလည်ပေးခဲ့သမျှ ဥပေက္ခာပြုခံရတဲ့အခါ
 
စာနာပေးခဲ့သမျှ အလှောင်ခံရတဲ့အခ
 
သံယောဇဉ်ထားခဲ့မိသမျှ စူးနစ်နာကျင်စေတဲ့အခါ

 ချစ်မိခဲ့သမျှ ချန်ရစ်ထားခြင်းခံရတဲ့အခါ
 
တရားမမျှတတဲ့လောကကို အပြစ်မဖွဲ့ချင်တော့ပါ
 
ဘယ်သူဘယ်ဝါ စာနာပါလို့လည်း မညည်းညူရဲတော့ပါ

ဒါဟာ ကျိန်စာ.... ငါ့ဘ၀ရဲ့ သီးသန့်ကျိန်စာ
 
တရားခံမဲ့တဲ့ ငါ့အတွက် ကျိန်စာ..........။   ။


ရေးပြီးချိန်။ ။ ည ၁၀း၄၄  ၁၅.၁၁.၂၀၁၂ ကြာသပတေးနေ့
ဓါတ်ပုံ....  Google

Monday, November 12, 2012

အားတင်းထားဦး သူငယ်ချင်း


လမင်းကိုငေးကြည့်တိုင်း
 နင်နဲ့အကြည့်ချင်းဆုံအောင်ကြိုးစားခဲ့တယ်
နှစ်စဉ် နိုဝင်ဘာရောက်တိုင်း
 နင့်မျက်ရည်တွေခန်းခြောက်ပါစေလို့
ငါတောင်းဆုခြွေနေတယ်
ဆောင်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့နင်က
 ဘာလို့များနွေထက်ပူလောက်တဲ့သောကတွေနဲ့
ပြည့်နှက်နေရတာလဲဟာ
တွေးမိတိုင်း… ငါရင်နာတယ်။

ငါ့ဘ၀အတွက်ငါရင်နာတယ်
နင့်ဘ၀အတွက်လည်း ငါ့ရင်မှာနင့်နေတယ်
နင့်ကို နှစ်သိမ့်ဖို့ ခွန်အားမရှိတဲ့ငါက
ဖြေသိမ့်လိုက်ပါဟာ လို့ ငါပြောလို့မထွက်ဘူး
ငါ့မျက်ရည်တွေလည်း နင့်ရှေ့မှာ သိုဝှက်ထားပါရစေ။

တန်ဆာမဆင်နိုင်သေးတဲ့
ငါတို့ရဲ့အိပ်မက်ပန်းတိုင်တွေဆီ
ဒဏ်ရာကိုယ်စီပွေ့ပိုက်လျှောက်လှမ်းကြရင်း
ငါအားငယ်တိုင်း ခွန်အားတွေမျှဝေပေးတဲ့နင့်ကို
နင်အားငယ်တိုင်း အားပေးဖို့ ငါဆွံ့အနေခဲ့ရပြီ
စကားလုံးမဲ့နေတဲ့ ငါရင်ထဲကဘာသာစကားကို
နင်နားလည်နေတယ်ဆိုတာ ငါသိတယ်
ငါ့ခေါ်သံလေးနင်ကြားလိုက်ရတာနဲ့
မျက်ရည်စကြားက နင့်ရဲ့အပြုံးကို
လေလှိုင်းကတစ်ဆင့် ငါလှမ်းမြင်နေရတယ်
အရင်လိုစကားလုံးတွေဖွဲ့နွဲ့ပြီး မနှစ်သိမ့်နိုင်ပေမဲ့
ဆက်ပြီး အားတင်းထားပါဦး သူငယ်ချင်းရယ်
နင့်ဆီ ငါ တစ်နေ့နေ့ အရောက်လာခဲ့မှာပါ………..။

နွံထဲကျွံကျခဲ့တဲ့ဘ၀လှည်းဘီးကို
ငါတို့ ပြိုင်တူအားနဲ့ တွန်းထုတ်ပစ်ကြရင်း
အဲဒီအခါကျမှ…..
ဒီဇင်ဘာ “နှင်း”စက်လိုအေးချမ်းပြီး
“မြ” သားလို စိမ်းစိုနေတဲ့ အနာဂတ်နဲ့
 “သီတာ” ရေလို ကြည်လင်တဲ့ဘ၀တစ်ခုကို
ငါတို့အတူတူကြိုးစားဖန်တီးကြရအောင် (သူငယ်ချင်း)။

မုန်းတိုင်းဒဏ်ကို ခံနိုင်ရည်ရှိအောင်
 ကြိုးစားနိုင်ခဲ့မယ်ဆိုရင်
ချိုမြိန်ကြည်လင်နေတဲ့ လေပြေကို
တစ်နေ့နေ့ပေါ့ ……
ငါတို့ တ၀ ကြီး နမ်းရှိုက်ခွင့်ရဦးမှာပါ
ဆက်ပြီးအားတင်းထားပါဦး သူငယ်ချင်းရယ်။ ။

အဆက်အသွယ် ပြတ်နေခဲ့သော သူငယ်ချင်းတစ်ယောက်ဆီကို ပထမဆုံး ဖုန်းဆက်ခဲ့တဲ့နေ့အတွက် အမှတ်တရ။



Friday, November 9, 2012

THE 4 WIVES

There was a rich merchant who had 4 wives. He loved the 4th wife the most and adorned her with rich robes and treated her to delicacies. He took great care of her and gave her nothing but the best.

He also loved the 3rd wife very much. He's very proud of her and always wanted to show off her to his friends. However, the merchant is always in great fear that she might run away with some other men.

He too, loved his 2nd wife. She is a very considerate person, always patient and in fact is the merchant's confidante. Whenever the merchant faced some problems, he always turned to his 2nd wife and she would always help him out and tide him through difficult times.

Now, the merchant's 1st wife is a very loyal partner and has made great contributions in maintaining his wealth and business as well as taking care of the household. However, the merchant did not love the first wife and although she loved him deeply, he hardly took notice of her.

One day, the merchant fell ill. Before long, he knew that he was going to die soon. He thought of his luxurious life and told himself, "Now I have 4 wives with me. But when I die, I'll be alone. How lonely I'll be!"

Thus, he asked the 4th wife, "I loved you most, endowed you with the finest clothing and showered great care over you. Now that I'm dying, will you follow me and keep me company?" "No way!" replied the 4th wife and she walked away without another word.

The answer cut like a sharp knife right into the merchant's heart. The sad merchant then asked the 3rd wife, "I have loved you so much for all my life. Now that I'm dying, will you follow me and keep me company?" "No!" replied the 3rd wife. "Life is so good over here! I'm going to remarry when you die!" The merchant's heart sank and turned cold.

He then asked the 2nd wife, "I always turned to you for help and you've always helped me out. Now I need your help again. When I die, will you follow me and keep me company?" "I'm sorry, I can't help you out this time!" replied the 2nd wife. "At the very most, I can only send you to your grave." The answer came like a bolt of thunder and the merchant was devastated.

Then a voice called out : "I'll leave with you. I'll follow you no matter where you go." The merchant looked up and there was his first wife. She was so skinny, almost like she suffered from malnutrition. Greatly grieved, the merchant said, "I should have taken much better care of you while I could have !"

Actually, we all have 4 wives in our lives

a. The 4th wife is our body. No matter how much time and effort we lavish in making it look good, it'll leave us when we die.

b. Our 3rd wife ? Our possessions, status and wealth. When we die, they all go to others.

c. The 2nd wife is our family and friends. No matter how close they had been there for us when we're alive, the furthest they can stay by us is up to the grave.

d. The 1st wife is in fact our soul, often neglected in our pursuit of material, wealth and sensual pleasure.

Guess what? It is actually the only thing that follows us wherever we go. Perhaps it's a good idea to cultivate and strengthen it now rather than to wait until we're on our deathbed to lament.


Click here  For more stories.

Thursday, November 8, 2012

IE jokes....

>Internet နဲ့တူသော မိန်းမ
သူတို့ကတော့ access လုပ်ဖို့အတော်ကိုခက်တဲ့ အမျိုးသမီးမျိုးဖြစ်ပါတယ်။ တစ်ခါတစ်လေ လှည့်ကြည့်ဖေါ်တောင် မရပါဘူး။



>Server နဲ့တူသော မိန်းမ

... ဒီလိုအမျိုးအစားကတော့ ကိုယ်လိုအပ်လို့ဆက်သွယ်တဲ့အခါမှာ အလွန်အလုပ်များနေတတ်သူများပါ။ မအားသေးဘူး၊ ဧည့်သည်ရောက်နေတယ်၊ ဒီအသံတွေပဲကြားရပါလိမ့်မယ်။



>Window နဲ့တူသော မိန်းမ

ဒီအမျိုးသမီးဟာ တစ်ခုမှ မှန်ကန်တိကျစွာ မလုပ်နိုင်ဘူးဆိုတာ သိနေပါလျှက်နဲ့ သူမရှိဘဲနေလို့ မရနိုင်တဲ့ အမျိုးသမီးမျိုးပါ။ ဘယ်လိုမျိုးပါလိမ့်နော်။



>Word နဲ့ တူသောမိန်းမ


သူတို့ကျတော့ အလွန်စိတ်ရှည်သည်းခံတယ်...


ငါ့သားလေး မှားမဟဲ့ ဆိုပြီး အနီရောင်မျဉ်းလေး တားပြတယ်။


လုံဝကြီး မှားပြီဆိုရင်လဲ Undo အကြိမ်ရေ ကန့်သတ်ချက်မရှိ ခွင့်လွှတ်သည်းခံပေးတယ်။




>Excel နဲ့တူသော မိန်းမ


လူတွေကပြောကြပါတယ်။ ဒီလိုအမျိုးသမီးမျိုးဟာလုပ်ငန်းစဉ်တွေ အများကြီးလုပ်နိုင် စွမ်းဆောင်နိုင်ပါတယ်တဲ့။ (နည်းနည်းတော့ ကြောက်စရာကောင်းတယ်.. အရေးကြီးတာ မှားလို့ကတော့


Undo မပေးတော့ပြန်ဘူး)ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ သူ့ကိုအခြေခံလုပ်ငန်းစဉ်လောက်အတွက်သာ ရယူနိုင်တဲ့အမျိုးအစားမျိုးပါ။ နှမြောစရာကောင်းတယ်နော်။




>Virus နဲ့တူသော မိန်းမ

သူတို့ကိုတော့ ဇနီးမယားလို့လဲခေါ်ကြပါတယ်။ ကိုယ့်ဆီကိုမခေါ်ဘဲနဲ့ ရောက်လာပြီး ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်သမျှကို အသုံးပြုပစ်မယ်။ တစ်ခါတစ်လေ ဖျက်ဆီးပစ်တတ်ပါတယ်။ သူ့ကို ဖယ်ထုတ်ဖို့ကြိုးစားရင်တောင် ကိုယ့်မှာတစ်ခုခု ဆုံးရှံးပြီးနေပါပြီ။ ဖယ်ထုတ်ဖို့ မကြိုးစားဘူးဆိုရင်တော့ အားလုံးဆုံးရှုံးသွားနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ကြောက်စရာကြီး



>RAM နဲ့ တူသော မိန်းမ

သူတို့ကတော့ ကိုယ့်အနေနဲ့ သူတို့နဲ့ဆက်သွယ်ထားမှုကို ဖြတ်ပစ်လိုက်ရင် ကိုယ်ပြောသမျှအားလုံးကို ချက်ခြင်းမေ့ပစ်လိုက်တဲ့ အမျိုးအစားပါ။ သတိထားကြပါ။



>Hard Disk နဲ့တူသော မိန်းမ

သူကတော့ အရာအားလုံးကို အမြဲတမ်းထာဝရ သတိရနေသူမျိုးပါ။



>CD- ROM နဲ့တူသော မိန်းမ

ဒီအမျိုးအစားကတော့ အလုပ်လုပ်ရာမှာ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ ပိုပြီးမြန်လာတတ်သူတွေပါ။ မျက်စိကိုနောက်နေမှာပါပဲ။



>CPU နဲ့တူသော မိန်းမ

အပြင်ပန်းကကြည့်ရင်တော့ သူ့မှာ အရာခပ်သိမ်းပြည့်စုံနေတဲ့ ပုံပါပဲ။ ဒါပေမယ့် အတွင်းကျကျလေ့လာ ကြည့်ရင်တော့ ဘာမှမရှိတာကိုတွေ့ရမှာပါ။ ရှောင်ကြ၊ ရှားကြ။



>User နဲ့ တူသော မိန်းမ

သူလိုအပ်တာထက် ပိုမိုတောင်းဆိုတတ်တဲ့ သူမျိုးပါ။ မောင်ကြီးလခ တတ်တတ်ပြောင်တာ သူတို့လက်ချက်ပေါ့။


 ဒီနေရာကနေ ကူးယခဲ့ပါတယ်။

Wednesday, October 31, 2012

သီတင်းကျွတ်ပြန်ပြီ...



ဒီသီတင်းလည်း ကျွတ်ပြန်ပြီ
မီးပုံးပျံတော့ မလွှတ်ဖြစ်ခဲ့ဘူး
တိုက်ကြီးတွေဆီကမီးရောင်ကြား
မွေးရပ်မြေက ရောင်စုံမီးပုံးတွေဆီပဲ
အတွေးရောက်ခဲ့တယ်။
အဝေးရောက်နေသူတစ်ယောက်အဖို့
ရိုးရာလွမ်းစိတ်လေးကို အခါခါမြိုသိပ်ရင်း
ရင်ထဲမှာ လက်ဆယ်ဖြာမိုးလို့
ဒီလို အဘိဓမ္မာ ရက်မြတ်မှာ
မိဘဆရာကျေးဇူးရှင်များကို
ဦးခိုက်လို့ ရည်စူးကန်တော့လျှက်
သီတင်းကျွတ်လပြည့်ညကိုနှုတ်ဆက်
မွေးရပ်မြေရဲ့ ရိုးရာအလွမ်းဇာတ်ကလည်း
ဒီတစ်ခန်းမှာပဲ ရပ်ခဲ့ရပြန်ပြီ……..


၂း၁၇ မနက် ဗုဒ္ဓဟူးနေ့ ၃၁.၁၀.၂၀၁၂ သီးတင်းကျွတ်လပြည့်ကျော် ရက်။

လွမ်းမိတဲ့ မီးထွန်းပွဲတော်အကြောင်း

သီတင်းကျွတ်ပြီ
မိုးလေကင်းလွတ်တော့မည်
မီးပုံးပျံ လွှတ်ကြရအောင်
မီးစာကို ရေနံဆွတ်ထားပါ။

အခုထိ အမှတ်ရနေသေးတဲ့ မူလတန်းတုန်းက သင်ခဲ့ဖူးတဲ့ စာပိုဒ်လေးပါ ကိုယ့်ရပ်ကိုယ့်ဒေသမှာ ရှိတုန်းအချိန်က ဒီစာပိုဒ်ကလေးဟာ ကလေးငယ်တွေဖတ်ဖို့သက်သက် သာမန်စာပိုဒ်တစ်ပိုဒ်လို အမှုမဲ့အမှတ်မဲ့…… ဒီလို တမြေခြားမှာ ကိုယ့်ရိုးရာနဲ့ဝေးကွာနေတဲ့အခါ သီတင်းကျွတ်လပြည့်ရောက်တိုင်း ဒီစာပိုဒ်ကလေးကို  သတိတရ ပြန်ညည်းမိရင်း ရင်ထဲမှာ ဆို့နစ် လွမ်းဆွတ်လို့………….

 
တိုးတက်တဲ့ ရေမြေဒေသမှာ လျှပ်စစ်မီးရောင်တွေက နေရာအနှံ့ထိန်လင်းနေပေမဲ့လည်းအမှောင်လွှမ်းတဲ့ ဟိုးရွာငယ်က လသာညတွေ ကြယ်စုံညတွေကို လွမ်းဆွတ်နေတတ်တာ ကိုယ်တစ်ယောက်ထဲတော့ မဟုတ်နိုင်ဘူးထင်ပါတယ်။ တိုးတက်လာတဲ့လူနေမှုကို အံ့သြအားကျမိပေမဲ့ အခြားတဖက်က မဖွံ့ဖြိုးပဲ အေးချမ်းတဲ့ တောရိပ်တောင်ရိပ်တွေကိုလည်း နှစ်သက်မက်မောနေမိသူ…….
ဘယ်လောက်ပဲတိုးတက်နေပါစေ ရိုးရာဓလေ့မှာ မွေ့လျော်တတ်သူအဖို့ ဒီလို အခါကြီးရက်ကြီးတွေတိုင်း ဇာတိမြေကို မလွမ်းပဲမနေနိုင်။ သာမန်ညတစ်ညလို ဖြတ်ကျော်နေရတာကိုးက ဒီညလေးဟာ ကိုယ့်အတွက် တန်ဖိုးမဲ့သွားသလို နှမြောနေမိတယ်။ ပွဲတော်တွေမှာ အရမ်းခုံမင် ပျော်ရွှင်ခဲ့ရသူတစ်ယောက်မဟုတ်ပေမဲ့ ရိုးရာကိုတော့ ချစ်မြတ်နိုးစွာ တွယ်တာအလေးထားတတ်သူပါ။
 
သီတင်းကျွတ်လပြည့်တိုင်း အိမ်တိုင်းကိုယ်စီ မီးပုံးရောင်စုံလေးတွေ ဒီဇိုင်းစုံလေးတွေထွန်းညှိကြရင်း ကလေးလူကြီးပါမကျန် စုရုံးပြီး မီးပုံးပျံလွှတ်လေ့ရှိတဲ့ ရိုးရာဓလေ့ရဲ့ မြင်ကွင်းကို လွမ်းဆွတ်မိတာအမှန်။ သီတင်းကျွတ်လမှာ မီးပုံးပျံလွှတ်ကြ…. မီးစာကုန်လို့ ကျလာတဲ့ မီးပုံးပျံတွေနောက် လိုက်ကြနဲ့ သီးတင်းကျွတ်လရဲ့ ငယ်ဘ၀က ပျော်စရာကောင်းခဲ့သလို အရွယ်ရောက်လာတော့လည်း ညညမှာ မီးပုံးပျံတွေကောင်းကင်ပေါ် ဟိုနားတစ်လုံး ဒီနားကတစ်လုံးနဲ့ အဆက်မပြတ် ပျံတက်သွားနေတဲ့ မြင်ကွင်းကို မျက်စိတစ်ဆုံးမော်ကြည့်ရတဲ့ ခံစားချက်ကလည်း ကြည်နူးစရာကောင်းလွန်းတယ်။ တကယ်လို့ အခုညမှာသာ ကိုယ့်ဇာတိမြေမှာရှိနေခဲ့ရင် မီးပုံးပျံတွေကို ထိုင်ကြည့်ရင်း အမေနဲ့စကားဖောင်ဖွဲ့နေမိဦးမှာပါပဲလေ
သီတင်းကျွတ်မှာ လပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာ လူကြီးတွေ ဆရာသမားမိဘတွေကို လိုက်ကန်တော့ရင်း သက်ကြီးဝါကြီးသူအပေါ် ဂါရ၀တရားတွေတိုးပွားစေသလို ကိုယ်တိုင်လုပ်ရိုးရာမုန့်တွေ တစ်အိမ်နဲ့တစ်အိမ် အပြန်အလှန် လိုက်ဝေကြရင်း တဦးအပေါ်တဦး ရင်းနှီးချစ်ခင်မှုတွေတိုးစေတဲ့ ချစ်စရာဓလေ့လေးပါ။ ဒီသီတင်းကျွတ် အဘိဓမ္မာရက်မြတ်မှာလည်းပဲ ပူဇော်ကန်တော့ထိုက်သူ မိဘဆရာသမား သက်ကြီးဝါကြီးများနဲ့ကျေးဇူးရှင်များအား အဝေးတနေရာကနေ စိတ်မှန်းနဲ့ ဦးခိုက်ကန်တော့လိုက်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလို့ ကုသိုလ်တရားတွေ ပွားများအားထုတ်နိုင်ကြပါစေလို့လည်း မေတ္တာပို့လိုက်ပါတယ်။