Saturday, March 24, 2012

ဟွေဟင်ကမ်းစပ် သက်သေတည်၍…














စိတ်အမောတွေဖြေလျှော့ဖို့

ကမ်းခြေကိုလာခဲ့မိပေမဲ့

အလွမ်းဓါတ်တွေနဲ့ ပြည့်နေသူမို့ထင်…..။

ပင်လယ်ပြင် ဒီလှိုင်းခတ်သံနဲ့

နားဝင်ပီယံတဲ့ ဟွေဟင်ကမ်းစပ်လေးမှာ

အထီးကျန်ခြင်းတွေက ပင်လယ်လေနဲ့အတူ

ငါ့ရဲ့ထံပါး ……….

တို့ထိဆော့ကစားသွားကြပြန်တယ်။


ကမ်းစပ်လေးနဘေး

ဟိုဒီရပ်ငေးရင်း …..

ပျော်ရွှင်ခြင်းကင်း နှလုံးသားတစ်စုံနဲ့

ကွဲအက်သွားတဲ့ကဗျာအပိုင်းအစတွေ

နဘေကာရံ မညီလည်းပဲ ရွတ်ဆိုနေမိသေးတယ်။


အနားသတ်မမြင်နိုင်တဲ့ ပင်လယ်ပြင်ကြီးလို

ကန့်သတ်မဲ့လွမ်းဆွတ်မှုတွေက

ငါ့ရင်နဲ့မဆံ့အောင်…………။


လှိုင်းပုတ်ခတ်တဲ့သံစဉ်နဲ့အတူ

တူနှစ်ကိုယ်ထားခဲ့သစ္စာတွေကို

တမ်းတမှုနဲ့ တယုတယ

ပြန်လည်သီကုံးပြီး

တရိပ်ရိပ်ပြေးလွှားနေကြတဲ့

အပူအပင်မဲ့ ဟိုး….ဟို တိမ်သားတွေဆီ

ဝိုးတ၀ါး လှမ်းမျှော်ကြည့်ရင်း

ရင်ခွင်တခုကိုတည်လို့

ဟွေဟင်ကို သက်သေထား

အားကိုးကြီးစွာ…..

ငါ တိုင်တည်မိပြန်တယ်။


ဟွေဟင်လှိုင်းခတ်သံနဲ့အတူ

ယူငင်ဆောင်ကျဉ်းပေးပါ

ပင်လယ်ပြင်ကြီးရယ်….

တမ်းတမှုတွေ

အတိုင်းအဆမဲ့စွာနဲ့

ကြေကွဲခြင်းလှိုင်းခတ်နေတဲ့

ငါ့နှလုံးသားအပိုင်းအစတွေကို ..

ဟောဒီ ဟွေဟင်ကမ်းစပ်မှ

လေပြေညှင်းတွေကတဆင့်

လွင့်မျောသွားတဲ့

တိမ်တိုက်တွေနဲ့အတူ

.........ခိုစီးလိုက်ပါသွားတဲ့

........ငါ့တိုင်တည်သစ္စာတွေကို

တစ်ယောက်သော (သူ) သာလျှင်

ခံစားကြားသိနိုင်စေ ......။






(သူ)...............

သာလျှင်...............

ခံစားကြားသိနိုင်ပါစေ...... ။ ။

ရေးပြီးချိန်-၁၇ရက် မတ်လ ၂၀၁၂ မနက် ၁၂:၅၈ နာရီ။

ဟွေဟင်ကမ်းခြေသွားသော အမှတ်တရအဖြစ် ရေးခဲ့သည့်ကဗျာ။။ ဓါတ်ပုံရိုက်ပေးတဲ့ ညီမ ၀ါးဝါး (ခ) နော်ဝါးဂေး ကို ကျေးဇူးတင်ပါသည်။

Wednesday, March 21, 2012

သေၝဲာတဲုသေၝဲာ





သေၝဲာတဲုသေၝဲာ
ချူ - အာယုဓန
အခိုက်/ဒယှေ် - မာံသက္က
ဘ၀အဲ ဒး..ကႜတ္ဆာန္မံင္ပကၜ ပကၜ္ဘိုန်လရိုအ်လေ၀် အဲဂွံမိင် လၝုလၝန်အောန်မံင်စိုတ် ကွေံရမှဲာ တၝဲလုိ၀္အဲ ဂြံမံင္ဗဒဲါ..ပကၜေရာ ဂႜံင္တရၜ ဆာန္ပုိယ္ဂွ္ဟြံမိက္သာဲ ပဲါနူပကၜမွဲတှေ် ညးမွဲလေ၀် အဲဟွံမိက်ဆာန် ….
တၝဲဍ်ာရမတ်အဲ ဒးဒတုံပြဟ် ပဟိုတ်နူဘ၀ပက ၜမွဲဓ၀်ဟေင်ရ အခိင်လၞုဟ်္ဘိုန်အဲဟွံမိက်သေၝဲာနူဗှေ် လေ၀် ဘ၀အဲ ဒးပဲါအာဍုင်တႝဟ်သအာင် အကြာအဲ..ဏံ ဂစာန်ကေႜာန်မံင်သြန် မေတ္တာဗှေ်ဂှ် ဒှ်အာသွက်ညးတႝဟ်…..
(သေၝဲာတဲုသေၝဲာ ဘ၀အဲ တၝဲလိုဝ်လေ၀် စိုတ်အဲဟွံအိုတ် ချိုတ်အာမှ ပိုတ်မာန်ဏောင်..ပကၜေယ် ပေရင္ဆာန္ပုိယ္ညး ၂ ဂှ် ဒှ်အာ တၝဲဍ်ာရမတ်ပြဟ်ဓဇူ ဟွံကလေင်ရံင်ရဟာ ဗီုကေင်ဆာန်လ၀် ၀ိုတ်ဟွံလေဲာပုဟ်
သေၝဲာတဲုသေၝဲာ ဘ၀အဲ တၝဲလိုဝ်မှ စိုတ်အဲဂွံပိုတ် ချိုတ်အာတှေ် ပိုတ်ဏောင်ဟာ..ပကၜေယ် ပေရင္ဆာန္ပုိယ္ညး ၂ ဂှ် ဒှ်အာ ဇာတ်လႝီမွဲပိုဒ် ဟိုတ်ဗှေ်ဓဇန်ပျဲ ဗှေ်ကိုဝ်အဲဒးသေၝဲာ )၀၀်းးးးးးးးးးးးးးးးးးးး………………
တၝဲဍ်ာရမတ်အဲ ဒးဒတုံပြဟ် ပဟိုတ်နူဘ၀ပက ၜမွဲသ်ာဓ၀်ဟေင် အခိင်လၞုဟ် ဆာန်အဲဟွံမိက်သေၝဲာနူဗှေ် လေ၀် ဘ၀အဲ ဒးပဲါအာဍုင်တႝဟ်သအာင် အကြာအဲ..ဏံ ဂစာန်ဂႜဲာမံင်သြန် မေတ္တာဗှေ်ဂှ် ဗှေ်ဖန်ထောံကိုဝ်ညးတႝဟ်…..
(သေၝဲာတဲုသေၝဲာ ဘ၀အဲ တၝဲလိုဝ်လေ၀် စိုတ်အဲဟွံအိုတ် ချိုတ်အာမှ ပိုတ်မာန်ဏောင်..ပကၜေယ် ပေရင္ဆာန္ပုိယ္ညး ၂ ဂှ် ဒှ်အာ တၝဲဍ်ာရမတ်ပြဟ်ဓဇူ ဟွံကလေင်ရံင်ရဟာ ဗီုကေင်ဆာန်လ၀် ၀ိုတ်ဟွံလေဲာပုဟ်
သေၝဲာတဲုသေၝဲာ ဘ၀အဲ တၝဲလိုဝ်လေ၀် စိုတ်အဲဟွံအိုတ် ချိုတ်အာတှေ် ပိုတ်ဏောင်ဟာ..ပကၜေယ် ပေရင္ဆာန္ပုိယ္ညး ၂ ဂှ် ဒှ်အာ ဇာတ်လႝီမွဲပိုဒ် ဟိုတ်ဗှေ်ဓဇန်ပျဲ ဗှေ်ကိုဝ်အဲဒးသေၝဲာ သေၝဲာတဲုသေၝဲာ ဗှေ်ကိုဝ်အဲ ဒးသေၝဲာ သေၝဲာတဲုသေၝဲာ.. ဗှေ်ကိုဝ်အဲ…. သေၝဲာ)

( ပရေင်ဒုင်ဝန် - ချူလ၀်မအခ၀်ဗေႜတ်မံင် မအခ၀်စှေ်နွံမံင်မဂး တင်ယောင်ယာ နူအဲမွဲဟေင်ရ.........။)

Monday, March 19, 2012

တစ်မိုးအောက် Ta Moe Out - Pu Sue




နန်းဟုမ်လေးရေ...... အိပ်မက်ထဲအထိ အလည်လာတဲ့နင့်ကို သတိရလို့ နင်ကြိုက်တဲ့သီချင်းလေး ပြန်နားထောင်မိတယ်။

နင်အရာရာအဆင်ပြေပါစေနော်...။

Sunday, March 18, 2012

တခါတလေ ဒါတွေ လိုအပ်နေပါတယ်

အသိမိတ်ဆွေတွေကို ယုံကြည်မိလို့ တခါတလေ ပြန်ရလိုက်တဲ့ ရလဒ်တွေက ယုံကြည်မိသူအဖို့ ကိုယ်ကိုယ့်ကိုယ် ဘာမှနားမလည်တဲ့ ငနုံငအတစ်ယောက်လိုလိုဖြစ်ကျန်ခဲ့ရဖူးပါတယ်။ အကြိမ်ပေါင်းတွေလည်း မရေတွက်နိုင်အောင်ပါပဲ..........။ တစ်ခါအခိုးခံရရင် သူခိုးအပြစ် ၊ ၂ ခါ အခိုးခံရရင် အခိုးခံရသူတွေရဲ့အပြစ် ဆိုတဲ့ ဆိုရိုးစကားလိုပဲ..........။ ရိုးသားစွာတွေးတော ယုံကြည်မိခြင်းရဲ့အပြစ်ဆိုး အားနည်းချက်ကြီးကြောင့် ခါးသက်နဲ့မျက်ရည်တွေနဲ့အတူ နာကျင်ဝမ်းနည်းခဲ့ရဖူးပါတယ်။ ဒီလိုယုံကြည်လွယ်တဲ့အကျင့်တွေ ကျွန်မအပြင် တခြားသူတွေမှာလည်း ရှိကောင်းရှိလိမ့်မယ်ထင်ပါတယ်။
လောလောဆယ် ကျွန်မသူငယ်ချင်းတစ်ယောက်ကတဆင့် ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ဟာ ကျွန်မလို အယုံလွယ်ပြီး မုသားတွေလည်းအပြောနည်းသူတစ်ယောက်ပါ။ ကိုယ်တိုင်ကြုံဖူးလို့ ကိုယ်ချင်းစာနားလည်မိပါတယ်။ သူငယ်ချင်းအပေါ်ယုံကြည်လိုက်ခြင်းကြောင့် သူ့မှာ မျှော်လင့်မထားတဲ့ အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတယ်လို့ ကျွန်မကြားသိလိုက်ရတဲ့အချိန်မှာ မကြာသေးခင်တုန်းကမှ ကျွန်မကိုခင်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မရဲ့ယုံကြည်မှုအပေါ် စနောက်ရင်း သင်ခန်းစာတခု ပေးခဲ့ပါတယ်။ သူပေးတဲ့သင်ခန်းစာကိုအခြေခံပြီး ကျွန်မကိုယ်ကျွန်မ အရင်ကထက် သတိပိုပြီးထားဖို့ ဒီစာတိုလေးကို ရေးခဲ့မိပါတယ်။
တိုက်ဆိုင်မှုတွေ ရှိလာလို့သာ ဒီစာပိုဒ်လေးက ဒီစာမျက်နှာပေါ် ရောက်လာရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သတိရှိတတ်လာအောင် ကျွန်မရဲ့ယုံကြည်မှုကိုစနောက်ရင်း (နင် အယုံမလွယ်တော့အောင် သင်ပေးတာပါ) ဆိုတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ကျွန်မလို ယုံကြည်လွယ်တတ်သူများကိုလည်း ပြန်လည်မျှဝေလိုက်ပါတယ်။

အရာရာကို ရိုးစင်းစွာ တွေးမြင်တတ်တဲ့ သင့်အတွက် သံသယမျက်မှန်တစ်လက်ကို ဆောင်ထားပါ။
လိုအပ်ရင် ထုတ်သုံးပါ။
လူတချို့ဟာ သင့်ယုံကြည်မှုနဲ့ အကြွင်းမဲ့ ထိုက်တန်ကြတာမဟုတ်ဘူးလေ။
သင့်ရဲ့ယုံကြည်လွယ်တတ်တဲ့အကျင့်ကို ခဏခဏခေါင်းပြူခွင့်မပြုပါနဲ့။
လောကကြီးက မာယာတွေနဲ့ မျက်လှည့်ဆန်လွန်းတယ်။
သင်သတိရှိနေတဲ့အချိန်တွေတောင် အလစ်တိုက်အငိုက်ခံရတတ်သေးတယ်။
သင်သာသတိလွတ်ခဲ့ရင် နာကျင်ဝမ်းနည်းခြင်းတွေ ထည့်ခတ်ထားတဲ့ ခါးသက်တဲ့မျက်ရည်တွေပဲ သင်သောက်သုံးနေရလိမ့်မယ်။
နူးညံ့တဲ့ သင့်နှလုံးသားကို မလိုအပ်တဲ့အချိန်တွေမှာ သိုဝှက်ထားလိုက်ပါ။
ဦးနှောက်သုံးပြီး တခါတလေမှာ စက်ရုပ်တစ်ကောင်လို သင်ရုန်းကန်ကြည့်လိုက်ပါ။
လောကကြီးက တစ်နေ့ထက်တစ်နေ့ ရုပ်ဝတ္ထုဆန်လာတာကို သင်ငြင်းဆန်လို့ မရနိုင်ဘူး။
ဒီလိုလောကကြီးကို မုန်းနေတဲ့ သင့်အယူအဆတွေကိုပဲ မီးသဂြိုလ်ပစ်လိုက်ပါ။
သင့်ဘ၀ကို လောကနဲ့ အံဝင်ခွင်ကျဖြစ်အောင် သင်ယူပြုပြင်ကြည့်ပါ။
တစ်နေ့ကျရင်…. ဒီလောကကြီးဟာ သင့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆရာကောင်းတစ်ဆူဆိုတာ သင်နားလည်လာပါလိမ့်မယ်။

(ပြောင်းလဲနေတဲ့လောကကြီးနဲ့ အံဝင်အောင် အလိုက်သင့်ကျွန်မနေတတ်ရင်အရမ်းကောင်းမှာပဲ)
နံနက် ၃း၁၀ မိနစ် စနေနေ့ မတ်လ ၁၀ ရက် ၂၀၁၂

ဒီစာတိုလေးက ကျွန်မကိုယ်ကျွန်မ သတိပေးဖို့ ရေးမိတာလေးပါ။

Sunday, March 11, 2012

သူမအပြုံး

သောကတွေကို သူဘေးချိတ်
ဆိတ်ဆိတ်လေးနဲ့ သူ့ပြုံးနေတယ်
လူလည်မှာ တင့်တယ်ဖို့အတွက်တဲ့။

ဘ၀အတွက် မိဘအတွက်
လောကဓံကို အံပြန်တုရင်း
ကြင်သူအနားမှာမရှိလည်းကွယ် .....

နှုတ်ခမ်းမှာ အပြုံးပန်းအစဉ်
သူဆင်မြန်းရင်း ရှေ့ဆက်လှမ်းလို့
မိဘတွေဂုဏ်တင့်ဖို့ရယ်
သမီးကောင်းတစ်ယောက်တော့ ဖြစ်စေရမယ်တဲ့ ။

သောကကိုဖုံးကွယ်
သူပြုံးနိုင်တယ်
ဘ၀အတွက် သူရုန်း
အပြုံးမပျက်သေးတယ်။

တည်ငြိမ်ရင့်ကျက်
သူမဘ၀အတွက်
တိုက်ပွဲမှာအောင်ပွဲတွေနဲ့
အနိုင်ယူမဲ့ လက်နက်
အပြုံးတစ်ခက်ဖြင့်သာ...........။ ။


(3.4.2011) 4:20 pm
သူငယ်ချင်းတစ်ယောက်ကို အားပေးဖို့အတွက် လက်ဆောင်အဖြစ် ရေးပေးခဲ့မိတဲ့ ကဗျာလိုလို နဲ့ စာတိုလေးတစ်ပုဒ်။

Thursday, March 8, 2012

can't stop laughing




ကျွန်မစိတ်ညစ်နေတုန်းအချိန်မှာ သူငယ်ချင်းတစ်ယောက်က ဒီဟာသလေး ပို့ပေးဖူးတယ်။ ဘယ်လောက်ပဲစိတ်ညစ်ညစ် အသောမသတ်နိုင်အောင် အကြာကြီးရယ်ခဲ့ရပါတယ်။ ပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။

Wednesday, March 7, 2012

တစ်ပေါင်းလပြည့်နဲ့ ငယ်ဘ၀အမှတ်တရ

ဆောင်းအကုန် နွေကူးလို့

ရွက်ဝါတွေ မြေမှာလူးတော့မည်

ဒီသီချင်းစာသားအလှနဲ့

လတပေါင်းကို ဖွဲ့ဆိုကြတာရှိဖူးတယ်

ကျွန်မကတော့ ဒီလိုလတပေါင်းဆို

ငယ်ဘ၀က ဖူးမြော်ခဲ့တဲ့

ကေလာသစေတီရဲ့ ပွဲတော်ကို

အောက်မေ့မိလို့ ပြန်လည်စိတ်ကူးရင်း

ကြည်နူးရတတ်တယ်။

ဒါကြောင့်မို့

ဆောင်းအကုန် နွေကိုကူး

ဘုရားဖူးခွင့်ရလို့ ကြည်နူးရတဲ့

လမြတ်တပေါင်းလို့ တင်စားချင်ပါတယ်။ ။

တပေါင်းလပြည့်ရောက်ရင် ငယ်ငယ်တုန်းက အရမ်းပျော်ဖူးတယ် ဘာလို့လည်းဆိုတော့ တခြားရွာမှာရှိတဲ့ ဘုရားပွဲတော်ကို သွားခွင့်ရလို့လေ…. ငယ်ငယ်တုန်းက ခရီးတွေမှ သွားခွင့်သိပ်မရှိတာ… ဈေးရောင်းကျောင်းတက်ရင်း အချိန်တွေကုန်နေတော့ ဒီတပေါင်းလ ဘုရားပွဲတော်ကိုရောက် တစ်မိသားစုလုံး ဈေးမရောင်းတော့ပဲ ဘုရားသွားခွင့်ရလို့လည်း ဒီလပြည့်နေ့ကို ကျွန်မငယ်ငယ်က တစ်နှစ်တစ်ခါ မျှော်နေခဲ့ဖူးတာပေါ့………. ဘုရားပွဲတော်ကတော့ ကျွန်မတို့ရွာနဲ့ မိုင်အနည်းငယ်ဝေးတဲ့ လမိုင်းရွာက ဘုရားပွဲတော်ပါပဲ။ ဘုရားသမိုင်းအရ လမိုင်းက ကေလာသစေတီတော်နဲ့ ရန်ကုန်က ရွှေတိဂုံစေတီတော်တို့ဟာ စေတီညီအစ်ကိုလို့လည်း ပြောစမှတ်ပြုကြတယ်။ ရွှေတိဂုံစေတီရဲ့ဘုရားပွဲတော်ဟာလည်း တပေါင်းလပြည့်နေ့ပါပဲ…။

ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် တပေါင်းလပြည့်နေ့ရဲ့မနက် ၂ နာရီလောက်ဆို အမေနဲ့အစ်မက အိပ်ရာထပြီး ထမင်းထုပ်တွေ ချက်ကြပြင်ဆင်ကြနဲ့ အလုပ်ရှုပ်နေကြတုန်း ကျန်တဲ့ မောင်နှမ ၃ ယောက်ကတော့ အိပ်ယာထဲမှာ အိပ်လို့ကောင်းတုန်း…. ၃ နာရီခွဲလောက်ဆို ကျွန်မတို့ ပြင်ဆင်ဖို့ထရတယ်… မနက်စောစောအိပ်ရာထရတာ ကျွန်မတော်တော်မုန်းပါတယ်။ ဒါပေမဲ့ …တစ်နှစ်တခါသွားရတဲ့ခရီးမို့ အားတင်းပြီး ထရတယ်လေ။။။

မျက်နှာတွေသစ် အ၀တ်အစားလှတွေလဲရင်းလည်း ကျွန်မပျော်ခဲ့ဖူးတယ်။ အဲဒီလို ပွဲတော်ရက်တွေကျမှ အမေ၀ယ်ပေးထားတဲ့ ဂါဝန်အသစ်လေးတွေကို ၀တ်ခွင့်ရလို့ အရမ်းကို ကြည်နူးခဲ့ရတာပေါ့… မှတ်မှတ်ရရ အမေ၀ယ်ပေးဖူးတဲ့ အပြာရောင်ဂါဝန်လေး ၁ ထည်ကို ကျွန်မတော်တော်လေး နှစ်ခြိုက်ခဲ့တယ်။ နောက်တစ်ထည်ကတော့ အစ်မဆီက တစ်ဆင့်ပြန်ရတဲ့ အနီရောင်လေးကိုလည်း အရမ်းကြိုက်ခဲ့တာပေါ့…။ ကျွန်မ ပထမဆုံး ဘုရားသွားခွင့်ရတဲ့နှစ်တုန်းက အဲဒီဂါဝန်နီလေးနဲ့ ကျွန်မဟာ အရမ်းကို ပျော်ရွှင်သွက်လက်နေခဲ့တယ်။ ။

ကျွန်မအဲတုန်းက ဒုတိယတန်းကိုတက်နေရပြီ………။ ကျောင်းထဲမှာ ဆရာမအချစ်တော် တစ်ယောက်မဟုတ်သလို ဆရာမအမြင်ကတ်လောက်အောင်လည်း စာညံ့သူတစ်ယောက်မဖြစ်ခဲ့ဖူးဘူး။ ကျွန်မတို့အိမ်ကနေ ဘုရားကို ခြေလျင်လျှောက်သွားကြတာပါ…. ပြင်ဆင်ပြီးလို့ရှိရင် ၄ နာရီလောက်မှာ လူစုကြတယ်။ ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေနဲ့ အတူတူသွားကြတာ……. တကယ်ကိုပျော်ဖို့ကောင်းပါတယ်။ လရိပ်အောက်မှာ လမ်းလျှောက်ရင်း လူကြီးတွေပြောတဲ့စကားတွေ ပုံပြင်လေးတွေနားထောင်ရင်း လမ်းလျှောက်ရတာ မောရပန်းရမှန်းတောင် မသိပါဘူး…. နောက်ပြီးတော့ ရွာအထွက်လမ်းမှာ ရှိတဲ့ ဆရာမအိမ်ကို လရောင်နဲ့ ငေးခွင့်ရတာကို ကျွန်မအရမ်းသဘောကျဖူးတယ်။ ။ မနက်မနက်ဆို ဆရာမကတော့ ထုံးစံအတိုင်း သူ့ညီမနဲ့အတူ ဟင်းရွက်တွေကို ဈေးမှာရောင်းဖို့ ပြင်ဆင်နေကြမှာပေါ့..

ဆရာမနေတဲ့ ရပ်ကွက်ကို အလွယ်နည်းနဲ့ ဘူတာရုံလမ်းရပ်ကွက်လို့ခေါ်တယ် ဟိုးတုန်းက ကျွန်မတို့ခရီးသွားမယ်ဆိုရင် အဲဒီလမ်းကနေဖြတ် ဘူတာကိုသွား ရထားစီးပြီး ကိုယ်သွားချင်တဲ့ရွာကို သွားကြတာပေါ့။ ဒါကအမြန်ဆုံးနည်းပေါ့လေ… အဲအချိန်တုန်းက ဆိုင်ကယ်တွေ ကျွန်မတို့ရွာမှာ မရှိသေးဘူး။ စက်ဘီးတွေနဲ့လည်းသွားကြတယ်။ နွားလှည်းနဲ့လည်းသွားကြတဲ့သူတွေရှိတယ်။ ဘုရားပွဲတော်သွားဖို့က နွားလှည်းလည်းမရှိတော့ ခြေလျင်နဲ့သွားတာပေါ့… မောပေမဲ့ ပျော်စရာတကယ်ကောင်းပါတယ်။

ရထားလမ်းကနေလျှောက်သွားရတာ ရထားလမ်းမှာခင်းထားတဲ့ခဲလုံးတွေဆို ခြေထောက်သေးသေးလေးနဲ့ လမ်းလျှောက်ရ ပိုခက်တာပေါ့ ခလုတ်တိုက်လဲရင်လည်း လျှောက်တာပဲ သူများထက်ရှေ့ရောက်အောင် ခဏခဏပြေးတတ်လို့ လူကြီးတွေစိတ်ပူရသေးတယ်။ တစ်ခုတော့ရှိတယ် တံတားကူးရင်တော့ ရှိသမျှသတ္တိတွေ အပျော်တွေ ပျောက်ကုန်တယ်။ တံတားကိုကြောက်တာထက် တံတားအောက်ကရေကို အရမ်းကြောက်လို့ပါ.. အဲအချိန်ဆို သူများတွေ ကျွန်မကိုလှောင်ရယ်ကြတာပေါ့။ လေးဘက်ကလေးထောက်ပြီး တံတားကိုကူးတာကိုး… ဘယ်တတ်နိုင်မလဲ ကြောက်တာကို မကြောက်ချင်ဟန်ဆောင်လို့မှမရတာ။ တံတားတစ်ခုလွန်ရင် ဒုက္ခတစ်ခု ကျော်နိုင်သလိုပဲ… လွတ်လပ်ပေါ့ပါးသွားတယ်။ မနက်လေးနာရီ အိမ်ကထွက် မနက် ၈ နာရီခွဲလောက်ဆို လမိုင်းကိုရောက်ပြီလေ။ လမိုင်းရောက်တာနဲ့ ဘုရားဆီကို တန်းသွားတာ… ဘုရားမှာခဏနား လိုက်လည်ပတ် ဘုရားဖူးပြီးရင် ထမင်းဘူးတွေစားကြ…… ဈေးတန်းလှည့် အသိမိတ်ဆွေတွေအိမ်လိုက်လည်နဲ့… အချိန်က တနေကုန်ရော ညနေပိုင်းဆို လမ်းလျှောက်ပြန်ချင်တဲ့သူလျှောက်ပြန် ရထားနဲ့ပြန်ချင်တဲ့သူပြန်နဲ့ပေါ့။ ရထားနဲ့ပြန်တဲ့လူတွေကျတော့ အကြာကြီးလည်ခွင့်မရှိဘူး။။။။ ကျွန်မတို့ဆို လမ်းလျှောက်ပြန်တယ်……..။ တချို့ကြတော့ တစ်ညအိပ် ဘုရားပွဲမှာလာကတဲ့ ဇာတ်သဘင်ပွဲတွေကြည့်ကြတာလည်းရှိတယ်။ ကျွန်မတို့ တမိသားစုလုံး ဇာတ်ပွဲမကြိုက်တော့ ညအိပ်စရာလည်းမလိုဘူးလေ…. လမ်းလျှောက်ပြန်ရင်တော့ မိုးချုပ်ခါနီးမှပဲ အိမ်ပြန်ရောက်ကြတယ်။ ရောက်ရောက်ချင်းခဏနား ရေမိုးချိုးပြီး မနက်ကအပိုချက်ထားတဲ့ထမင်းစားရင်း ပွဲတော်အကြောင်းပြန်ပြောကြ… မအိပ်ခင် ပွဲတော်က ၀ယ်လာတာလေးတွေပြန်ကြည့်ကြနဲ့ တပေါင်းပွဲတော်ကို ဒီလိုနဲ့ ၅ နှစ်လောက်ဆက်တိုက် သွားခဲ့ဖူးတယ်။။။

ဒါကြောင့်မို့ ဒီအချိန်ရောက်တိုင်း ဂါဝန်အပြာလေးတွေ အနီလေးတွေကိုပြန်သတိရမိတယ်။ လေးဘက်ကလေးထောက်ပြီး တုန်တုန်ရင်ရင်နဲ့ တံတားဖြတ်ကူးခဲ့ဖူးတာလေးကို ပြန်တွေးရင်းပြုံးမိသေးတယ်။။ အမှတ်တရတွေထဲက မေ့ပျောက်မရတဲ့ အမှတ်တရလေးတစ်ခုပေါ့။ ။

တပေါင်းပွဲတော်မှာ ပျော်ပါးရင်း ကုသိုလ်ပွားနိုင်ကြပါစေ……..

Monday, March 5, 2012

Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ

14 Jul 10, 08:22
Q: ဆရာ သမီးမျက်မှာ နှာခေါင်းဘေး မျက်လုံးအောက်မှာ ဗျုတ်ကလေးတွေ ရှိနေပါတယ်။ အဖုလေးတွေအများကြီးပါ မနက် အိပ်ယာနိုးချိန်မှာ မသိသာပေမဲ့ နေ့လည်ကစပြီး အရမ်း သိသာပါတယ် အဲဒီ အဖုလေးတွေကို ကုလို့ ရနိုင်ပါလား။ တချို့ က အဲဒါကို ဆားဝက်ခြံလို့ ပြောပြီး၊ တချို့က အဆီဖုလို့ ပြောပါတယ် မျက်နှာအရေပြား ချောချင်ပါတယ်။ ကုလို့  ရနိုင်ပါလားဆရာ။ ဖြေကြားပေးပါ။

A: အရေပြားမှာ ဖြစ်တာတွေက အတော်ကို များလှတယ်။ မျက်မြင်မဟုတ်ဘဲ မှန်းရတာ သိပ်တော့ မကောင်းဘူး။ သေခြာ ကြည့်တာတောင် ခွဲခြားရတာ ခက်သေးတယ်။ မေးတဲ့စာထဲကအတိုင်း ဝက်ခြံနဲ့ ဆင်တယ်ဆိုရင် အနီးစပ်ဆုံးက Seborrheic Keratosis ဒါမှမဟုတ် Keratosis pilaris acne-like bumps ဖြစ်နိုင်တယ်။ ပဌမဟာက မျက်နှာမှာ၊ နောက်ဟာက လက်ဖျံ၊ ပေါင်နဲ့ တင်ပါးမှာ ဖြစ်တယ်။

Seborrheic Keratosis ဆားဝက်ခြံ
အလုံး-အကြိတ်-အနာအဆာ တခုခုတွေ့ရင် ပဌမဆုံး ခွဲခြားရမှာက “ကင်ဆာ” လား “ကင်ဆာမဟုတ်တာ” လား ဖြစ်ပါတယ်။ Seborrheic Keratosis ဆားဝက်ခြံက ကင်ဆာ မဟုတ်ပါ။ Acne ဝက်ခြံနဲ့ ဆင်တယ်။ မျက်နှာမှာ အများဆုံး ဖြစ်တယ်။ စုံးမကြီး မျက်နှာမှာ ရုပ်ဆိုးအောင် အဖုအလုံးတွေ လုပ်ပေးထားတာ ဒါမျိုးပါဘဲ။ ဒီအဖုလေးတွေက တခုခု လာကပ်နေသလို ကြည့်တဲ့လူက လက်နဲ့ ဖယ်ထုတ်ချင်စရာ ကောင်းလှတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာ Epidermis ကနေ ဖြစ်လာတာပါ။ ကြွက်နို့လို အရေပြား အတွင်းထဲ မရောက်ဘူး။ နဲနဲကြမ်းတာနဲ့ မကြမ်းတာမျိုးရှိတယ်။ မကြမ်းရင် အစေ့လေးတွေ လာကပ်နေသလို ဘေးက အရေပြား အကောင်းထက် နဲနဲ အရောင်ရင့်နေမယ်။ မှန်ဘီလူးနဲ့ ကြည့်ရင် ပုလဲလုံးလေးတွေလိုနေတယ်။ တခါတခါ ယားတယ်။ ကြာလာရင်ပေါ့။ ဆွရင်-ဆိတ်ရင် ရဲလာလိမ့်မယ်။ များသွားရင်တော့ သွေးထွက်မှာပေါ့။

ဘာလုပ်ရမလဲ။ ဒီအတိုင်းသာထားပါ။ နဲနဲကြီးလာချင်လာမယ်။ မစိုးရိမ်ပါနဲ့။ လှချင်လို့ ရှင်းချင်ရင် Liquid Nitrogen ဆိုတဲ့အရည်နဲ့ အေးခဲအောင်လုပ်ပေးတယ်။ blister မီးလောင်ဖုလိုမျိုး အရည်ကြည်ဖုလေးတွေ ဖြစ်လာလိမ့်မယ်။ ပြီးမှ နဲနဲကြာမှ အနာကျက်လာမယ်။ အနာဖြစ်ရင် အနာရွတ်ကြီးတတ်သူများ မျက်နှာမှာဆို ဒါမျိုးမလုပ်သင့်ဘူး။ တချို့လူတွေမှာ ဘာအနာဖြစ်ဖြစ် Keloids အနာရွက်သီး ဖြစ်တတ်တယ်။

နောက်တနည်းက Shave ရိတ်ပြစ်တာ။ flexible razor blade သုံးသင့်တယ်။ လက်မလွန်စေနဲ့။ ရိတ်ပြီးရင် Aluminum chloride or Silver nitrate ဆေးလိမ်းပေးပါ။ သွေးမထွက်စေဘူး။ Silver nitrate ကညိုမဲမဲမို့ အစမှာ ညိုနေအုံးမယ်။ နောက်ပျောက်သွားမယ်။ Aluminum chloride ကပိုကောင်းတယ်ပေါ့။

Light electrocautery လျှပ်စစ်နဲ့ လောင်စေတဲ့နည်းလည်း သုံးပါတယ်။

Keratosis pilaris
မျက်နှာမှာလည်း ဖြစ်ပါတယ်။ နီ-ဖြူ၊ မနာ-မယားဘူး။ ကြမ်းနေတယ်။ ကုရတာခက်လို့ စိတ်ပျက်စေနိုင်တယ်။ မဆိုးတာက ဘာမှ တခြားဒုက္ခမပေးနိုင်ဘူး။ ငယ်သူတွေမှာ ဖြစ်တာများပြီး အသက် ၃ဝ လောက်မှာ ပျောက်သွားတယ်။ မျက်နှာမှာ ဖြစ်လို့ ပျောက်ရင် အမာရွတ်ကျန်တတ်တယ်။ ဆိုလိုတာက သု့ဖါသာလည်း ပျောက်ပါတယ်။ ဆေးတမျိုးနဲ့ မရတတ်ဘူး။ ကိုယ့်ဖါသာ ဂရူစိုက်တာ လုပ်ရမယ်။

Topical exfoliants (alpha-hydroxy, lactic or salicylic acid or urea) ပါတဲ့လိမ်းဆေး၊ Topical corticosteroids စတီရွိုက် ပါတဲ့ လိမ်းဆေး၊ Topical retinoids (vitamin A) ပါတဲ့လိမ်းဆေး၊ Tretinoin (Retin-A Micro, Avita) and tazarotene (Tazorac) သုံးနိုင်တယ်။

အရေပြားကို မိမိဖါသာဂရုစိုက်ခြင်း Lifestyle and home remedies
• Go easy on your skin အရေပြားကို ညင်ညင်သာသာ ကိုင်တွယ်ယုယပါ။
• Gently dry off မျက်နှာသစ်၊ ရေချိုးပြီးတိုင်း အသာအယာ ခြောက်သွေ့ပေးပါ။
• Use a moisturizing lotion or lubricating cream ရေချိုးပြီးရင် ရေငွေ့ဓါတ်ပေးတဲ့လိမ်းဆေးသုံးပါ။
• Try lactic acid (လက်တစ်-အက်စစ်) ပါတဲ့လိမ်းဆေး၊ တနေ့ ၂ ကြိမ်လိမ်းပါ။
• Use a humidifier အိမ်မှာ ရေငွေ့ဓါတ်ပေးတဲ့ ကရိယာတပ်ဆင်ပါ။
• Moisturize skin အရေပြားကို Eucerin and Cetaphil လိုဆေးနဲ့ ရေငွေ့ပေးပါ။
• Use warm water and limit bath time ရေချိုးရင် အချိန်များများပေးပါ၊ ရေနွေး (ရေပူမဟုတ်) နဲ့ချိုးပါ။
• Avoid harsh, drying soaps ဆပ်ပြာကို အပြင်စားတွေမသုံးပါနဲ့။ ဆီ-အဆီပါတဲ့ Neutrogena, Basis or Dove ဆပ်ပြာတွေ ဖြစ်တယ်။ Deodorant and antibacterial detergents တွေရှောင်ပါ။ ကြော်ညာကောင်းတဲ့ လိမ်းဆေး၊ ဆပ်ပြာတွေ သတိထားပါ။ အရေပြားကို နူးညံ့၊ သန့်ရှင်းနေဘို့နဲ့ ခြောက်သွေ့ မနေစေဘို့ ဖြစ်တယ်။
• Pat dry အရေပြားကို ရေချိုး၊ မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ပွတ်တိုက်ချသလို မဖြစ်စေဘဲ၊ အောက်ဖက်ကို ဖိ-တို့ သုတ်တာမျိုး လုပ်ပါ။ ရုပ်ရှင်မင်းသမီများ လုပ်သလိုပေါ့။

Dr. တင့်ဆွေ မူရင်းကိုဖတ်ချင်ရင် ဒီမှာ ပါ

Sunday, March 4, 2012

ရိုးစင်းသော.. ည (သို့) ကျွန်မချစ်သော....ည

ညရဲ့အလှက ရင့်ကျက်ငြိမ်သက်လွန်းနေတယ်၊

လသာသာ လမိုက်မိုက်၊

လဆန်းဆန်း လဆုတ်ဆုတ် (ဆုပ်)

ညချစ်သူတွေအတွက် ညကအမြဲတမ်းလှနေတယ်။


လမိုက်ကိုမှ ကြိုက်သူအတွက်၊

လမိုက်ညက တည်ငြိမ်မှုတွေနဲ့ ရင့်ကျက်စွာ လှသတဲ့…။

လပြည့်ညကိုမှ ချစ်တယ်ဆိုတဲ့သူတွေ ကျတော့လည်း၊

လပြည့်ညက အေးချမ်းမှုတွေနဲ့မို့ အလှဆုံးတဲ့………..။

လဆန်းလဆုပ်ကို နှစ်သက်သူတွေ ကျပြန်တော့

လခြမ်းကွေးဘေးနားမှာ အားချင်းပြိုင်နေတဲ့ ကြယ်နှစ်စင်းနဲ့

လဟာ မာန်အပြည့်နဲ့ လှနေသတဲ့…။

ဒါတွေအားလုံး သူတို့ခံစားမှုအပေါ်မှာပဲ မူတည်နေခဲ့တာပါ

အမှန်က ညက သူ့ဘာသာလည်းလှနေတာပဲလေ……။


ကြယ်ပွင့်တွေ မလင်းလည်း ညက သူ့ဘာသာ သူလှနေတယ်။

လမသာပေမဲ့လည်း ညက လှမြဲလှနေမှာပဲ။

ဘာလို့လည်းဆိုတော့…….

နေ့ပြီးရင် ညဆိုတာ

သဘာဝတရားအတိုင်း အမြဲရှိနေတာ။

နေ့မှာ တောက်ပသွက်လက်တဲ့ နေ့အလှရှိသလို၊

ညမှာလည်း အေးဆေးငြိမ်သက်တဲ့ အလှနဲ့ အိနြေ္ဒရနေတယ်။

ဒါတွေကိုတော့ ညကို ချစ်တတ်တဲ့သူတွေ သေချာသိမှာပေါ့။


ညဟာ နေ့မှာကျက်စား နွမ်းမောလာသူတွေကို

ညတေးသံတွေနဲ့ အိပ်မောကျအောင်လည်း

ချော့မြှူသိပ်ရင်း အိပ်စက်စေတတ်တယ်။

ညဟာ ချစ်သူတွေကြား

သတိရမှုတွေလည်း

တခါတလေမှာ ဆောင်ကျဉ်းပေးတတ်တယ်။

ညဟာ တစ်ကိုယ်တည်းသမားတွေအတွက်

အလွမ်းတွေကူတွေး

မျှဝေရင်း အဖော်ပြုပေးတတ်သေးတယ်။


ညအလှက……

စာဖွဲ့သူတွေအတွက် ရသတွေကို သူပေးနိုင်တယ်

သီချင်းညည်းသူတွေအတွက် သံစဉ်တွေ သူဖန်တီးပေးနိုင်တယ်

ကဗျာစပ်သူတွေအတွက် စာသားအလှတွေ သူဖန်ဆင်းပေးနိုင်တယ်။


ဒါပေမဲ့လည်း….

ရာသီဥတုဆိုတာကြောင့်

ညဟာ တခါတရံမှာ အချီးအမွမ်းခံရတတ်သလို

တခါတလေမှာ အပြစ်တင်ခံရတတ်တယ်။

ပူအိုက်လှောင်တဲ့ နွေညတွေ

မိုးသည်းထန်တဲ့ မိုးညတွေ

ဆောင်းလေအေးတဲ့ ဆောင်းညတွေ

ဒါတွေအားလုံး ညကြောင့်

ပိုပြီးအကျည်းတန်ခဲ့တာမဟုတ်သလို

ညကြောင့် ပိုလှပခဲ့တာလည်းမဟုတ်ဘူး။

ပြောင်းလဲတတ်တာက ရာသီဥတုသဘာဝပါ

ညက မာယာတွေသုံးပြီး

ပြောင်းလဲ သရုပ်ဆောင်ခဲ့တာမျိုးလည်းမရှိပါဘူး။


တချို့တွေက ………

ညအမှောင်ဟာ

ဒုစရိုက်တွေကို အားပေးနေတယ်လို့

အပြစ်တင်ကြတယ်။

တကယ်ဆို ညဟာ

သူ့ဘာသာတိတ်ဆိတ်စွာ နေချင်ခဲ့တာပါ။

လူတွေပြုလို့ ဖြစ်ရတဲ့ ဒုစရိုက်မှုတွေမှာ

ညဟာ သူကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တာမဟုတ်ဘူး။


တချို့ကလည်းပြောကြသေးတယ်

ညအမှောင်ဟာ

အန္တရာယ်ကို ဖိတ်ခေါ်နေသတဲ့။

တကယ်ဆို အဲဒီအန္တရာယ်ဆိုတာတွေကသာ

ရိုးသားစွာငြိမ်သက်နေတဲ့ညကို ခုတုံးလုပ်ပြီး

လောကကိုပြုစားနေခဲ့ကြတာပါ။

ညဟာ သူ့ဘာသာနေရင်း ယိုးမယ်ဖွဲ့ခံရတယ်……..။


ဒါကြောင့်မို့လည်းလေ…..

ရိုးသားတဲ့ညကို မြတ်နိုးမိတယ်။

အိနြေ္ဒနဲ့တည်ငြိမ်နေတဲ့ညကို လေးစားမိတယ်။

အေးချမ်းမှုတွေ ပေးတဲ့ ည ကို အမြဲပဲကျေးဇူးတင်မိတယ်။


မကွယ်ဝှက်တမ်း ၀န်ခံရမယ်ဆိုရင်…..

အပြစ်ကင်းတဲ့ ညမင်းကို

ရိုးစင်းစွာနဲ့ (ကျွန်မ) ချစ်ပါတယ်။


ညရဲ့တည်ငြိမ်အေးချမ်းတဲ့အလှကို ခံစားတတ်ကြပါစေ………….။

(ညအမှောင်ကိုယ်စား ခံစားမိသလိုရေးဖွဲ့ထားပါသည်။ :D) (၃ရက် မတ်လ ၂၀၁၂) မနက်၂း၂၁