Wednesday, July 18, 2012

ဒီနေ့.........(18.July.2012)

ဟင်းးးးး..........သက်ပြင်းမောကြီးချမိတယ်။ တစ်နှစ်ပြီးလို့ နောက်တစ်နှစ်ခရီးကိုဆက်ရဦးမှာပါလား။
အသက်တွေသာ တစ်နှစ်တစ်နှစ် ကြီးရင့်နေတယ်  စက္ကန့်ကို မိနစ်စား  မိနစ်ကိုနာရီစား နာရီကို နေ့ရက်တွေစား   နေ့ကိုလစား လကိုနှစ်စားနဲ့  ဘယ်တော့မှ နားမနေတတ်တာက အချိန်........။

အမြဲတမ်းနားနားပြီး ကိုယ့်ကိုယ်ကိုယ်ညှာတာလိုက် စိတ်မာယာတွေရဲ့စေစားချက်နောက်လိုက်နေရင်းနဲ့
တစ်နေရာထဲမှာရပ်နေမိတာက ကျွန်မ......။ အသက်တွေ ကြီးရင့်လာပေမဲ့ ခံစားတတ်တဲ့ နှလုံးသားနုနုနဲ့ အသွင်ပြင်ရင့်သလောက် ကျင့်ရက်မှုမရှိတဲ့ ဒီစိတ်ကို......?????....။

 ကိုယ်သာလျှင် ကိုယ့်သခင်တဲ့.......။ ခိုတတ်တဲ့ ဒီသခင်နဲ့ ဒီခန္ဓာ ဒီဘ၀ နစ်မြုပ်မှာကို တရေးနိုးလေတိုင်း ယောင်ပြီးစဉ်းစားမိတတ်ပေမဲ့ နိုးထလာရင် အိပ်မက်တစ်ခုလို နေမြဲတိုင်း ပုံမှန်ဆက်လည်ပတ်နေတုန်း.........။ တနေ့တနေ့ အပြုံးတွေ သိပ်ပြီး အဓိပ္ပါယ်မရှိတော့တာကိုတော့
ကိုယ့်ကိုယ်သာ အသိဆုံး............။ ကြိုးစားရဦးမှာပါလား အဖက်ဖက်က ဘာမှ မပြည့်စုံသေးတဲ့ဘဝ
ပညာ၊ သီလ၊ ဘာဝနာ၊ ဥစ္စာ၊ ဒါန ဘာတစ်ခုမှ ဘာမှ မရှိသေးတော့ ရင်လေးတယ်။ ဒီလိုခဏလေးတွေးမိချိန်ဆိုတာ ခဏဆိုတာမှ ခဏ.........။ နောက်တော့လည်း နေမြဲဘ၀အတိုင်း နစ်မျောပျော်ဝင်နေမိဦးမှာလည်း ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံးမို့.......ခက်လှချည်ရဲ့လို့လည်း မညည်းညူရဲတော့ပါဘူး............။

အားလုံးပဲ တွေဝေမိန်းမောတတ်ခြင်း ကင်းလွတ်ကြပါစေ။


ကျွန်မအတွက် ကျွန်မရဲ့လက်ဆောင်

မိုင်တိုင် ၂၈


ဒီမိုင်တိုင်က ၂၈ တဲ့
ဘာပဲဖြစ်ဖြစ် ပြတင်းတံခါးချပ်
လှစ်ဖွင့်ကြည့်မိရဲ့
ဝါဆိုသမီးလို့ပြောနေစရာမလို
မိုးသားခပ်ကြမ်းကြမ်းထဲမှာ
ကိုယ့်ဝန်းကျင်တောင် ပီပီပြင်ပြင်မထင်
စိတ်မှာလည်း တိမ်တွေမှိုင်းနေဆဲပေါ့….။

အရိပ်ထင်နေတဲ့ အတိတ်ကောင်ကို
ပြန်လှည့်ကြည့်မိတော့
မဲ့သလိုရွဲ့သလိုမျက်နှာပေါက်နဲ့
ကုတ်ဖဲ့လိုက်ချင်ပေမဲ့
အဲဒီကောင်က လေထဲမှာ ပေါ်လိုက်ပျောက်လိုက်
တကောက်ကောက်လိုက်မိတဲ့ ဒီလူသာ ငမိုက်။

ချို့ယွင်းနေသော အချက်များကို ပြင်ဆင်ဖို့က
ရပ်နေတဲ့နေရာကနေ လှည့်ပြန်လို့မရ
ရှေ့ကြိုပြီးတော့လည်း ပြေးပြင်ထားခွင့်မရှိ
ပစ္စုပ္ပန်ဆိုတာ စက္ကန့်ပိုင်းရဲ့ တခဏသာ
ဘ၀ ဆိုတာက အချိန်ဇယားတစ်ခုအောက်မှာ………..။

တဟင်း ဟင်း သက်ပြင်းမောကြီးချလိုက်
တအင်း အင်း ညည်းညူရေရွတ်လိုက်
တဟင့် ဟင့် ငိုကြွေးနာကျင်လိုက်
တဟား ဟား ရယ်မောပျော်ရွင်လိုက်နဲ့
ဘ၀ ဆိုတာ …………….
ဘကုန်းနဲ့ ၀လုံးပေါင်းစပ်ထားသော စကားလုံးတဲ့။


အဲဒီစာနှစ်လုံးက ရိုးရိုးလေးပါပဲ
ဖြစ်ပျက်နေတဲ့ ဇာတာတွေကသာ ဆန်းနေတာ
ကံကောင်းတဲ့အခါ တခဏဆိုပေမဲ့
ကြမ္မာငင်တဲ့အခါ မမျှမတနဲ့ပါ
ဒီလိုပြောတော့ အတ္တသဘောတွေတဲ့
လူပဲလေ………….
အနတ္တဆိုတာ ကြားဖူးနေပေမဲ့
ခက်တာက ပညတ်တွေထဲမှာ
တိုင်ပတ်နေကြတာပဲ မဟုတ်လား?

ဘေးဘီမမြင်နိုင်အောင် တိမ်ဖုံးနေတဲ့ဒီစိတ်
တဖိတ်ဖိတ်နဲ့ လျှံကျနေဆဲ….
ပေါ်လိုက်ပျောက်လိုက် အတိတ်နောက်
တကောက်ကောက်လိုက်နေတဲ့ ဒီငမိုက်
မှိုင်းမိသလိုလိုနဲ့
အလင်းရဲ့ဟိုတဖက်မှာ
မှိန်းမှေးနေဆဲ……..
ဘ၀ဆိုတာကို
ဘ၀င်မကျနိုင်သေးတဲ့သူ။

အတ္တတွေတပွေ့တပိုက်နဲ့
အနတ္တဆိုတာကို မေ့မေ့ပျောက်ပျောက်
ပညတ်တွေရဲ့လှည့်စားမှုအောက်မှာ
ပြားပြားဝပ်နေရတုန်း
ဘယ်မနုဿမှ တားဆီးမရတဲ့
စီးတော်ကြမ္မာယာဉ်က
ဂျုံးဂျက်သံစွဲ
ခုတ်မောင်းထွက်နေပြီပဲ
မိုင်တိုင် ၂၉ ဆီသို့………။

ဒီငမိုက်ကတော့
ပြတင်းဘေးတိုက်ကနေငေး
မှေးလိုက်မှိတ်လိုက်
အတ္တဆိုတာ………
အနတ္တဆိုတာ………..
ပညတ်ဆိုတာ……….တွေနဲ့
ရှုပ်ယှက်ခတ်နေဆဲ………….။

ဒီလိုသာဆို………..
သေချာနေတယ်
ဝဲနေရဦးမယ်
ဒီဂယက်ထဲမှာ………..။ ။
(ရေးပြီးချိန်။ ။ မနက် ၄း၅၃ နာရီ၊ ၂.၇.၂၀၁၂)
ဖြတ်သန်းခဲ့တဲ့ သက်တမ်းတစ်လျှောက် ဖြစ်ပျက်တွေ့ဆုံခဲ့တာတွေနဲ့ ကျွန်မရဲ့ စရိုက်တချို့ကို ပြန်လည်စဉ်းစားမိတာလေးတွေ ချရေးခဲ့တာပါ။ 

သူငယ်ချင်းဆီက လက်ဆောင်များ...







စေတနာနဲ့ ပေးတဲ့လက်ဆောင်တွေကို အမှတ်တရအဖြစ် ဒီမှာထည့်သိမ်းထားတယ်။
သုံးစွဲတိုင်းလည်း အမှတ်ရနေမှာ သေချာပါတယ်။

Happy Birthday To Youuuuuuuuuuuuuuuuu.........................................

မွေးနေ့  ဆုတောင်းလွှာ
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
*♫*❤ **** Happy **** Birthday **** ♫*❤ *
╚═════════ ೋღ❤ღೋ ═════════╝"
ရာသီအလီလီ ၊ မိုးလ ၀သီ
လေဖြန်း ဝှေ့ ဝှေ့  ၊ မှေးမှိုင်းကောင်းကင်
မိုး သဲ့သဲ့ နှင့် ၊ ရွာကျသွန်းဖြိုး
စိုစွတ် ဟန်ဆင် ၊ ပင်ယံ နုနု
စိမ်းစိမ်း လျှံကာ ၊ သစ်တမာများ
မစည် ကြဲကြဲ ၊ မြေသို့ ဆီမြဲ
ဖားငယ်ခလေး လည်း ၊ လင်္ကာ ဆိုတေး
သံစဉ် ဖက်လို့  ၊ နှိုင်းတု မမှီ
ရာသီ ချိန်ဝယ် ၊ “ မင်္ဂလာ” လွှမ်းခြုံ
ကျရောက် ပါသော ၊ ယနေ့  ချိန်ကာ
ဇူလိုင်  ပက်ဖြိုး “ယဉ်ယဉ်အိ” အဖို့
မွေးနေ့  “ မင်္ဂလာ” ၊ ရက်မြတ် မဟာ ….

ရာသီ ဆန်းနှင့် ၊ မွေးနေ့  “မင်္ဂလာ”
ထွန်းတောက် ချိန်ဝယ် ၊ မွေးနေ့  ရှင် အား
စိတ်ရင်းနှင့်ဖြင့်
ထပ်တူ ပြု၍ ၊ “မင်္ဂလာ” တောင်းဆု
စိတ်ဝယ် စု လို့  ၊ ပြုရ လို ကာ
ယနေ့  မှ စ ၊ မွေးနေ့  ရှင် သည်
ရွှင်ရွှင် လန်းလန်း ၊ ကံရောင် ဆန်းဖြင့်
ချမ်းချမ်း မြေ့မြေ့ ၊ စိတ်စဉ် စမ်းနှယ်
နှစ်နှစ် လလ ၊ ဘဝ ဆက်တိုင်
လိုအင်တောင့်တ. ပြည့်ပြည့်၀၀
ဆင့်ဆင့် ကဲကဲ ၊ မြဲမြဲ ဖွယ်ဖွယ်  ဆိုက်ရောက်လာပါစေ....
 သူငယ်ချင်းညာဏ်ရွှေဆီမှ မွေးနေ့ဆုတောင်းလွှာများအတွက် ရင်မှ လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။ 
သူငယ်ချင်း..... ကျေးဇူးတင်ခြင်းကို 
နှုတ်ကတဖွဖွမဆိုချင် .... ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ
နက်နက်နဲနဲရှိနေတယ်ဆိုတာ 
ငါယုံကြည်နေသလို 
အပိုစကားတွေမလိုပါပဲ 
နှလုံးသားထဲကတဆင့် 
နင်ခံစားကြားသိနေတယ်မဟုတ်လား?..........။ 
 by. Rc. 

(12.18 am 18.July.2012)



Tuesday, July 17, 2012

၂၈ နှစ်မြောက် အကြိုမွေးနေ့

ပါမချမ်း မရှိတုန်းလေး ရော့ခ်ကို ပန်းခိုးပေးနေပုံ

အနောက်က စတိုင်လ်တွေ ကြည့်ပါဦး




ကြိုတင်ကြံကြသူများ

သေချာကြည့်ရင် သိနိုင်သည် မည်သူနည်း?

အိပ်မက်ဆန်ဆန် မွေးနေ့ကိတ်လေး သယ်လာသူ။။။

ဆံပင်စုတ်ဖွားနဲ့ ပန်းစည်းကိုင်ရင်း အံ့သြနေသူနှင့် ဖန်တီးသူများ ပျော်ရွှင်နေကြပုံ

ကပိုကရို သဘာဝကျကျ





ကဗျာမဆန်သူကို ကဗျာဆန်စေချင်သောအခါ....

လှစေချင်သော စေတနာဖြင့် ပူပေါင်းလေးကို လေပေါ်သို့ အပစ်..

ပူပေါင်းကလေးရွက်လာရင် အဲဒါ.ရာင်ဆဲာပင်...။:P

ရောင်စုံပူပေါင်းရွက် သိုက်ကွက်ပုံ

စုအိပ်ယာနဲ့ ပနံရလှပါသော....

လက်ကီး 7 တဲ့

ဘယ်သူယှဉ်လို့ ထွင်ချင်သေးလဲ

နောက်နားမှာ ရန်ခိုးဖြစ်နေလား အကြည့်ချင်းပစ်နေကြတာလား?


ဒီဖေကိုတွေ အမိုက်ဆုံးပါ

သူ့စတိုင် သူ့မလိုင်နဲ့သူ

စားချင်စဖွယ် ကိတ်လေး

တီးသူဆိုသူမောသူနဲ့ ပန်းပေးသူများ ၁

တီးသူဆိုသူမောသူနဲ့ ပန်းပေးသူများ၂

ပျော်ရွှင်စွာ အတူစားသုံးခြင်း

လှပါသော်လည်း ပလတ်စတစ်လေးကြောင့် အကျည်းတန်သွားတဲ့ပုံ

ကျွေးပါတယ်နော် .... တစ်ဇွန်း...


နိဒါန်းကိုတော့ အရင်နှစ်က မွေးနေ့ကနေစရမယ်။ သူငယ်ချင်းတွေမွေးနေ့မှာ ကိုယ်တိုင်ပါဝင် ကြံစည်ခဲ့ဖူးလို့ ၂၇ နှစ်မြောက် ကျွန်မမွေးနေ့မှာ သူတို့ဘာတွေလုပ်မလဲဆိုပြီ ကြိုတင်ခန့်မှန်းစောင့်ဆိုင်းခဲ့ပေမဲ့လည်း မထင်မှတ်စွာ အံ့သြစရာမွေးနေ့လေးဖြစ်အောင် ကြံစည်ဖန်တီးပေးခဲ့ကြတယ်။ ဒီနှစ်မှာတော့ သူတို့တွေလုပ်မဲ့ အံ့သြမှုတွေကိုယ်စား ကိုယ်ကလက်ဦးမှုရဖို့ ကြိုးစားပေမဲ့ ဒီလို ၂ ရက်စောပြီး လုပ်ပေးလိုက်တော့ အငိုက်မိသွားတဲ့အတွက် ကြံစည်ပေးတဲ့ သူငယ်ချင်းတွေကို အံ့သြကျေးဇူးတင်ရပါတယ်။
မွေးနေ့မတိုင်ခင် ၂ရက် ၁၆ ဇူလိုင် ညနေမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေလိုက်ကြတာ ည ၁၁ တောင်ကျော်မယ်ထင်တယ်။ အဓိကက ကိုမိုးကျော်ရယ် မစုဌေးရယ် ကျွန်မရယ် ပရီဆန်တေးရှင်းကိစ္စတွေ ပြန်ပြောရင်း စကားဖောင်ဖွဲ့ဖြစ်ကြတယ်။ နောက်ညာဏ်ရွှေနဲ့ ဗညားဦးက ဈေးကပြန်လာပြီး ပန်းစည်းတစ်စည်း ၀ိုင်တစ်ပုလင်းနဲ့အတူ မစုဌေးအတွက် ဂုဏ်ပြုအထိမ်းအမှတ်လေး လုပ်ပေးလိုက်သေးတယ်။ ၀ိုင်လေးသောက် စကားလေးပြောနဲ့ပေါ့။

၅ ယောက်ထဲကနေ ပထမဆုံး ဗညားဦးက စာလုပ်ရမယ်ဆိုပြီး အရင်ထပြန်သွားတယ်။ နောက်ခဏကြာတော့ ညာဏ်ရွှေက ရေချိုးရမယ်ဆိုပြီး ပြန်သွားတယ်။ နောက် ၃ ယောက်ထဲ စကားပြောရင်း ဆက်ကျန်နေခဲ့တယ်။ ခဏလောက်ထပ်ကြာတော့ ဗညားဦးက မစုဌေးကို ပြောစရာရှိလို့ ဆိုပြီး ခေါ်ထုတ်သွားတယ် မိနစ်ပိုင်းကြာတော့ ရော့ခ်ရောက်လာပြီး မစုဌေးအခန်းမီးကို လှမ်းပိတ်လိုက်တယ်…. ဟ…. ဘာပါလိမ့်ပေါ့။ တွေးမိသွားတာပါ…။ နောက်မှာ Happy birthday to you…….. Happy birthday to you ဆိုပြီး လေးယောက်သား အမှောင်ခန်းထဲကို ၀င်လာကြတယ်။ ရုတ်တရက်ဆိုတော့ ကြောင်သွားမိတယ်။ ငါ့မွေးနေ့လည်းမဟုတ်ဘူး။ ကိုမိုးကျော်ကို စပရိုက်လုပ်တာလားလို့တောင် တွေးမိသေးရဲ့၊ ဒါမှမဟုတ် မစုဌေးကို ထပ်ပြီး ဂုဏ်ပြုတာလားပေါ့ ဒါလည်းမဟုတ်ပါဘူး ဆိုနေကြတာက ဘတ်ဒေးသီချင်းကြီးကိုး… နီးနီးကပ်ကပ် ဘတ်ဒေးရှိတာ ကျွန်မတစ်ယောက်ထဲရယ်။ နောက် သီချင်းအဆုံးမှာ ကျွန်မနာမည်ပါတော့မှပဲ..။ ကိတ်က ကျွန်မမျက်နှာရှေ့ရောက်တော့မှ လုပ်ချလိုက်ပြန်ပြီ….လို့ ဖမ်းလို့မမိအောင်ကို လုပ်တတ်တဲ့ အကြံအစည်ကို ကျေးဇူးတင်ရပြန်တယ်။ ကျွန်မမွေးနေ့ရဲ့ အထူးဧည့်သည်တော် ကိုမိုးကျော်ကိုလည်း ဓါတ်ပုံတွေရိုက်ပေး ကိတ်စားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အထူးစွမ်းဆောင်ကြံစည်တဲ့ ညာဏ်ရွှေကို အထူးကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ခေါင်းဝိုင်းစားပြီး ကူညီပေးကြတဲ့ ဗညားဦး ရော့ခ် မစုဌေးနဲ့ ၀ိဇယတို့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မစုဌေးရေ… ညာဏ်ရွှေရဲ့ကြိုတင်ကြံစည်မှုမှာ သိခွင့်မရလိုက်တာ စိတ်ကောက်မနေနဲ့ဦးနော်… ပေပါနဲ့ မစုဌေးစိတ်ပင်ပန်းမှာစိုးလို့ အလိုက်တသိ စေတနာနဲ့ ချန်ထားခဲ့တယ်ဆိုတာ ရာင်ဆဲာ နားလည်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် စပရိုက်ဖြစ်ပါတယ်လို့…. ရေမိုးမချိုးရသေးပဲ ဆံပင်တွေစုတ်ဖွာနေတဲ့ပုံစံလေးနဲ့ပဲ….ပျော်ရွင်အံ့သြရပါတယ်။ မွေးနေ့တိုင်း တခါမှ လှလှပပ မဆုံဖြစ်လိုက်ကြတာကိုးက နောင်ဆို ပြောစရာအမှတ်တရအဖြစ် ကျန်ရစ်နေဦးမယ့် ခြေရာလေးတွေ ပုံပြင်လေးတွေပေါ့လေ….။
၂ ရက်စောပြီး ရင့်ကျက်ခွင့်ပေးတဲ့အတွက်လည်း သဘောကျ ကျေနပ်ပါတယ်။ တရက်ပြီးတရက် မရပ်မနားပဲ အိုခြင်းတရားတွေက အသက်တွေကို ၀ါးမြိုနေတာပဲလေ။ အင်း…………ဒီလိုနဲ့ပဲ ၂၉ မမကြီး ဖြစ်ရပြန်ပြီပေါ့။


(အကြိုမွေးနေ့က ၁၆ မှာဆိုပေမဲ့ ၁၇ မှာမှ ရေးပြီးလို့ မှတ်တမ်းတင် သိမ်းထားပြီ)

Monday, July 16, 2012

ဝါဆိုသမီး ချစ်တဲ့မိုး


ဟော.... လေဝေ့သံ တ၀ုန်းဝုန်းနဲ့အတူ
ပြိုကျလာတဲ့ မိုးစက်သံတွေက တအုန်းအုန်း
ကာရံညီ မိုးခြုန်းသံက တဂျုန်းဂျုန်း............။


ခပ်ကြမ်းကြမ်းလေထုက
လေလွင့်စိတ်တွေကို မွှေ့ရမ်းရင်း
အလွမ်းတွေ လွင့်စင်အောင် တိုက်ခတ်ပေးနေကြတယ်။
ခပ်ရမ်းရမ်းမိုးစက်ပေါက်တွေက
ပူလောင်ခြင်းတွေကို အဝေးရောက်အောင်
နှင်ထုတ် တိုက်ခိုက်ပေးနေကြတယ်။
မိုးခြုန်းသံက ညာသံပေး အားငယ်မှုတွေပျောက်ဖို့အရေး
သတ္တိအားတွေ မွေးဖွားဖို့ သတိပေးတိုက်တွန်းနေကြတယ်။


 နည်းအဖုံဖုံ သံစဉ်အစုံနဲ့
အားငယ်လွမ်းမောတတ်တဲ့
ဟောဒီဝါဆိုသမီးလေးကို
မေတ္တာတွေအပြည့်အလျှံနဲ့
စေတနာဂရုဏာမိုးတွေ
သည်းသည်းထန်ထန် ရွာချပေးနေလိုက်တာ
သမီးလေးအတွက် ကြီးမားအားအင်
ဖန်ဆင်းပေးတဲ့ မိုး............။


ကြမ်းတမ်းတဲ့သူ့လေအားမှာ စေတနာတွေအပြည့်နဲ့
အေးစက်တဲ့ သူ့မိုးပေါက်တွေထဲ နွေးထွေးတဲ့ကြင်နာမှုအပြည့်နဲ့
မြည်ဟီးနေတဲ့ သူ့ ခြုန်းသံထဲမှာ ဂရုဏာဒေါတွေအပြည့်နဲ့


ဒါကို ဒီသမီးနားလည်တာပေါ့
ရာသီတိုင်းအဖော်မပြုနိုင်ပေမဲ့
သူ့ရာသီမှာ ရသမျှအချိန်လေးနဲ့
 အဖော်ပြုအားပေးတတ်တဲ့ဒီမိုး
ဒါကြောင့် သူဟာ...............
ဝါဆိုသမီးကို ချစ်တဲ့မိုး....
ဝါဆိုသမီးက ချစ်တဲ့မိုး......။ ။

ရေးပြီးချိန်..........၁၆.ဂျူလိုင်.၂၀၁၂၊ ညနေ  ၆နာရီ ၄၇မိနစ် တနလာင်္နေ့

မိုးသည်းတုန်း ရေးမိတဲ့စာတိုလေးတစ်စု။







Sunday, July 15, 2012

ဒီနေ့.........15,7,2012

ဒီလို မိုးရာသီမှာ အပြောကျယ်တဲ့လောကကြီးထဲကိုရောက်ရှိလာသူ
ဝါဆိုသမီးပျိုလို့ ကြွေးကြော်နေစရာမလို
မိုးရာသီကို ချစ်တဲ့သူ
မိုးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ထွေးပိုက်ထား၍မဆံ့အောင်
ပြည့်လျှံနေခဲ့တာတောင် မိုးဖွဲဖွဲ မိုးသည်းသည်း မိုးစွေစွေ
မိုးငွေ့ပါတဲ့လေထုကအစ အုံ့မှိုင်းညို့ရီနေသော တိမ်တိုက်တွေအဆုံး
မိုးရာသီနဲ့ ပတ်သက်သမျှ ရသတွေအမျိုးမျိုး မရိုးနိုင်အောင်ပါပဲ။

မိုးရာသီရဲ့ သဘာဝအလှရသတွေကို နှစ်သက်မြတ်နိုးသလို....
မိုးရာသီရဲ့ အလွမ်းတွေကိုလည်း မျှဝေခံစားပေးတတ်သူ....။







မိုးလေးဖွဲတုန်း




မိုးဖွဲဖွဲ မိုးသည်းသည်း အမြဲ လွမ်းတယ်.... တချိန်က....?????  :)



Thursday, July 5, 2012

ကိုးရီးယားသီချင်း ဟာသ

Seng Hkum ရဲ့ Face book မှာတွေ့လို့ သယ်လာတာ။ ပြုံးပျော်နိုင်ကြစေ......။