Tuesday, July 17, 2012

၂၈ နှစ်မြောက် အကြိုမွေးနေ့

ပါမချမ်း မရှိတုန်းလေး ရော့ခ်ကို ပန်းခိုးပေးနေပုံ

အနောက်က စတိုင်လ်တွေ ကြည့်ပါဦး




ကြိုတင်ကြံကြသူများ

သေချာကြည့်ရင် သိနိုင်သည် မည်သူနည်း?

အိပ်မက်ဆန်ဆန် မွေးနေ့ကိတ်လေး သယ်လာသူ။။။

ဆံပင်စုတ်ဖွားနဲ့ ပန်းစည်းကိုင်ရင်း အံ့သြနေသူနှင့် ဖန်တီးသူများ ပျော်ရွှင်နေကြပုံ

ကပိုကရို သဘာဝကျကျ





ကဗျာမဆန်သူကို ကဗျာဆန်စေချင်သောအခါ....

လှစေချင်သော စေတနာဖြင့် ပူပေါင်းလေးကို လေပေါ်သို့ အပစ်..

ပူပေါင်းကလေးရွက်လာရင် အဲဒါ.ရာင်ဆဲာပင်...။:P

ရောင်စုံပူပေါင်းရွက် သိုက်ကွက်ပုံ

စုအိပ်ယာနဲ့ ပနံရလှပါသော....

လက်ကီး 7 တဲ့

ဘယ်သူယှဉ်လို့ ထွင်ချင်သေးလဲ

နောက်နားမှာ ရန်ခိုးဖြစ်နေလား အကြည့်ချင်းပစ်နေကြတာလား?


ဒီဖေကိုတွေ အမိုက်ဆုံးပါ

သူ့စတိုင် သူ့မလိုင်နဲ့သူ

စားချင်စဖွယ် ကိတ်လေး

တီးသူဆိုသူမောသူနဲ့ ပန်းပေးသူများ ၁

တီးသူဆိုသူမောသူနဲ့ ပန်းပေးသူများ၂

ပျော်ရွှင်စွာ အတူစားသုံးခြင်း

လှပါသော်လည်း ပလတ်စတစ်လေးကြောင့် အကျည်းတန်သွားတဲ့ပုံ

ကျွေးပါတယ်နော် .... တစ်ဇွန်း...


နိဒါန်းကိုတော့ အရင်နှစ်က မွေးနေ့ကနေစရမယ်။ သူငယ်ချင်းတွေမွေးနေ့မှာ ကိုယ်တိုင်ပါဝင် ကြံစည်ခဲ့ဖူးလို့ ၂၇ နှစ်မြောက် ကျွန်မမွေးနေ့မှာ သူတို့ဘာတွေလုပ်မလဲဆိုပြီ ကြိုတင်ခန့်မှန်းစောင့်ဆိုင်းခဲ့ပေမဲ့လည်း မထင်မှတ်စွာ အံ့သြစရာမွေးနေ့လေးဖြစ်အောင် ကြံစည်ဖန်တီးပေးခဲ့ကြတယ်။ ဒီနှစ်မှာတော့ သူတို့တွေလုပ်မဲ့ အံ့သြမှုတွေကိုယ်စား ကိုယ်ကလက်ဦးမှုရဖို့ ကြိုးစားပေမဲ့ ဒီလို ၂ ရက်စောပြီး လုပ်ပေးလိုက်တော့ အငိုက်မိသွားတဲ့အတွက် ကြံစည်ပေးတဲ့ သူငယ်ချင်းတွေကို အံ့သြကျေးဇူးတင်ရပါတယ်။
မွေးနေ့မတိုင်ခင် ၂ရက် ၁၆ ဇူလိုင် ညနေမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေလိုက်ကြတာ ည ၁၁ တောင်ကျော်မယ်ထင်တယ်။ အဓိကက ကိုမိုးကျော်ရယ် မစုဌေးရယ် ကျွန်မရယ် ပရီဆန်တေးရှင်းကိစ္စတွေ ပြန်ပြောရင်း စကားဖောင်ဖွဲ့ဖြစ်ကြတယ်။ နောက်ညာဏ်ရွှေနဲ့ ဗညားဦးက ဈေးကပြန်လာပြီး ပန်းစည်းတစ်စည်း ၀ိုင်တစ်ပုလင်းနဲ့အတူ မစုဌေးအတွက် ဂုဏ်ပြုအထိမ်းအမှတ်လေး လုပ်ပေးလိုက်သေးတယ်။ ၀ိုင်လေးသောက် စကားလေးပြောနဲ့ပေါ့။

၅ ယောက်ထဲကနေ ပထမဆုံး ဗညားဦးက စာလုပ်ရမယ်ဆိုပြီး အရင်ထပြန်သွားတယ်။ နောက်ခဏကြာတော့ ညာဏ်ရွှေက ရေချိုးရမယ်ဆိုပြီး ပြန်သွားတယ်။ နောက် ၃ ယောက်ထဲ စကားပြောရင်း ဆက်ကျန်နေခဲ့တယ်။ ခဏလောက်ထပ်ကြာတော့ ဗညားဦးက မစုဌေးကို ပြောစရာရှိလို့ ဆိုပြီး ခေါ်ထုတ်သွားတယ် မိနစ်ပိုင်းကြာတော့ ရော့ခ်ရောက်လာပြီး မစုဌေးအခန်းမီးကို လှမ်းပိတ်လိုက်တယ်…. ဟ…. ဘာပါလိမ့်ပေါ့။ တွေးမိသွားတာပါ…။ နောက်မှာ Happy birthday to you…….. Happy birthday to you ဆိုပြီး လေးယောက်သား အမှောင်ခန်းထဲကို ၀င်လာကြတယ်။ ရုတ်တရက်ဆိုတော့ ကြောင်သွားမိတယ်။ ငါ့မွေးနေ့လည်းမဟုတ်ဘူး။ ကိုမိုးကျော်ကို စပရိုက်လုပ်တာလားလို့တောင် တွေးမိသေးရဲ့၊ ဒါမှမဟုတ် မစုဌေးကို ထပ်ပြီး ဂုဏ်ပြုတာလားပေါ့ ဒါလည်းမဟုတ်ပါဘူး ဆိုနေကြတာက ဘတ်ဒေးသီချင်းကြီးကိုး… နီးနီးကပ်ကပ် ဘတ်ဒေးရှိတာ ကျွန်မတစ်ယောက်ထဲရယ်။ နောက် သီချင်းအဆုံးမှာ ကျွန်မနာမည်ပါတော့မှပဲ..။ ကိတ်က ကျွန်မမျက်နှာရှေ့ရောက်တော့မှ လုပ်ချလိုက်ပြန်ပြီ….လို့ ဖမ်းလို့မမိအောင်ကို လုပ်တတ်တဲ့ အကြံအစည်ကို ကျေးဇူးတင်ရပြန်တယ်။ ကျွန်မမွေးနေ့ရဲ့ အထူးဧည့်သည်တော် ကိုမိုးကျော်ကိုလည်း ဓါတ်ပုံတွေရိုက်ပေး ကိတ်စားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အထူးစွမ်းဆောင်ကြံစည်တဲ့ ညာဏ်ရွှေကို အထူးကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ခေါင်းဝိုင်းစားပြီး ကူညီပေးကြတဲ့ ဗညားဦး ရော့ခ် မစုဌေးနဲ့ ၀ိဇယတို့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မစုဌေးရေ… ညာဏ်ရွှေရဲ့ကြိုတင်ကြံစည်မှုမှာ သိခွင့်မရလိုက်တာ စိတ်ကောက်မနေနဲ့ဦးနော်… ပေပါနဲ့ မစုဌေးစိတ်ပင်ပန်းမှာစိုးလို့ အလိုက်တသိ စေတနာနဲ့ ချန်ထားခဲ့တယ်ဆိုတာ ရာင်ဆဲာ နားလည်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် စပရိုက်ဖြစ်ပါတယ်လို့…. ရေမိုးမချိုးရသေးပဲ ဆံပင်တွေစုတ်ဖွာနေတဲ့ပုံစံလေးနဲ့ပဲ….ပျော်ရွင်အံ့သြရပါတယ်။ မွေးနေ့တိုင်း တခါမှ လှလှပပ မဆုံဖြစ်လိုက်ကြတာကိုးက နောင်ဆို ပြောစရာအမှတ်တရအဖြစ် ကျန်ရစ်နေဦးမယ့် ခြေရာလေးတွေ ပုံပြင်လေးတွေပေါ့လေ….။
၂ ရက်စောပြီး ရင့်ကျက်ခွင့်ပေးတဲ့အတွက်လည်း သဘောကျ ကျေနပ်ပါတယ်။ တရက်ပြီးတရက် မရပ်မနားပဲ အိုခြင်းတရားတွေက အသက်တွေကို ၀ါးမြိုနေတာပဲလေ။ အင်း…………ဒီလိုနဲ့ပဲ ၂၉ မမကြီး ဖြစ်ရပြန်ပြီပေါ့။


(အကြိုမွေးနေ့က ၁၆ မှာဆိုပေမဲ့ ၁၇ မှာမှ ရေးပြီးလို့ မှတ်တမ်းတင် သိမ်းထားပြီ)

No comments: