Thursday, July 18, 2013

Happy birthday to me...

ဒီနှစ်တော့ သက္ကရာဇ်တွေထဲ ပုန်းနေခွင့်ရရင် ပုန်းလိုက်ချင်မိသည်။ သို့ပေမဲ့လည်း စက္ကန့်တွေရွေ့နေခဲ့တာ ကျွန်မတစ်ယောက်ထဲအတွက်မှ မဟုတ်တာ အချိန်က ဘယ်သူကိုမှ အားနာလို့ သနားလို့ မျက်နှာလိုက် ရပ်ပေးတဲ့အရာမဟုတ်ဘူးလေ။ ဒီတော့လည်း..................


 ကိုယ့်အတွက် ဆုတောင်းပေးပါပြီ....
Happy Birthday to me....and
အားလုံးအားလုံးကို သတိရပါသည် ။ :)


ဝေးဝေး နီးနီး သူငယ်ချင်းမိတ်ဆွေများအားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဒီနှစ်မွေးနေ့မှာတော့ အရင့်အရင်နှစ်က အမှတ်တရတွေ တစိမ့်စိမ့်ပြန်တွေး ပြုံးစရာတွေ ဗရုတ်သုတ်ခ အဖြစ်ကလေးတွေ ပြန်သတိရရင်း ပြုံးရာကနေ ရယ်မိပါတယ်။ အဲလိုအမှတ်တရတွေ ထားရစ်ပေးခဲ့တဲ့အတွက် ကျွန်မမွေးနေ့ရောက်တိုင်း အပြုံးနဲ့ ကျွန်မရဲ့ တစ်နှစ်တစ်နှစ် ခြေလှမ်းအသစ်တွေကို ဖြတ်သန်းနေဖြစ်ဦးမှာပါ။ အားလုံးပဲ အမှတ်တရလေးတွေအတွက်ရော အမှတ်တရကြီးတွေအတွက်ရော ထပ်တလဲလဲကျေးဇူးတင်ပါရစေ....။

ဒီနှစ်မွေးနေ့ကိုတော့

တရုတ်သီချင်းငြိမ့်ငြိမ့်လေးနဲ့
 အခန်းမီးမှိန်မှိန်အောက်မှာ
အဲကွန်းလေး တအေးအေးနဲ့ပေါ့
အမှတ်တရအတိတ်မြင်ကွင်းတွေကို
ဆွေးဆွေးလေး ပြန်တွေးရင်း
တစ်ယောက်ထဲ တိတ်တဆိတ်နဲ့ပြုံး
၃၀ ဆိုတဲ့ အသက်ကလေးကို
နွေးထွေးတည်ငြိမ်စွာ
ကြိုဆိုလိုက်ပါပြီ.............။:)