ယုံကြည်ခဲ့မိသမျှ လှည့်စားခံရတဲ့အခါ
နားလည်ပေးခဲ့သမျှ ဥပေက္ခာပြုခံရတဲ့အခါ
စာနာပေးခဲ့သမျှ အလှောင်ခံရတဲ့အခါ
သံယောဇဉ်ထားခဲ့မိသမျှ စူးနစ်နာကျင်စေတဲ့အခါ
ချစ်မိခဲ့သမျှ ချန်ရစ်ထားခြင်းခံရတဲ့အခါ
တရားမမျှတတဲ့လောကကို အပြစ်မဖွဲ့ချင်တော့ပါ
ဘယ်သူဘယ်ဝါ စာနာပါလို့လည်း မညည်းညူရဲတော့ပါ
ဒါဟာ ကျိန်စာ.... ငါ့ဘ၀ရဲ့ သီးသန့်ကျိန်စာ
တရားခံမဲ့တဲ့ ငါ့အတွက် ကျိန်စာ..........။ ။
ရေးပြီးချိန်။ ။ ည ၁၀း၄၄ ၁၅.၁၁.၂၀၁၂ ကြာသပတေးနေ့
ဓါတ်ပုံ.... Google
No comments:
Post a Comment