Saturday, February 4, 2012

သူငယ်ချင်း NS ရဲ့ မွေးနေ့အမှတ်တရ

ခင်ရတဲ့သူငယ်ချင်း NS ရဲ့မွေးနေ့ဖြစ်တဲ့ ဒီနေ့တပို့တွဲလဆန်း ၁၂ ရက်မှာ မွေးနေ့ရှင်အပါအ၀င် သူငယ်ချင်းတချို့နဲ့အတူတူ အမှတ်တရဓါတ်ပုံတွေရိုက်ဖြစ်ကြတယ် ။ နေပူထဲမှာ ဇွဲမလျော့ပဲ အပူကိုအံတုရင်း အမှတ်တရ ဓါတ်ပုံတွေကို နေပူတာကို လသာသလိုမှတ်ယူပြီးတော့ရိုက်ခဲ့ကြတာပါ။ ကင်မရာမန်းကတော့ ၂ ယောက်ပါ။ ပထမတစ်ယောက်က BO (ဘို) တော့မဟုတ်ပါဘူး။ သူ့နာမည် အရှည်ရေးရမှာ ခွင့်ပြုချက်မတောင်းရသေးလို့ မရေးတာပါ။ နောက်ထပ်တစ်ယောက်ကတော့ Mr. Rock ပါ။ ဒီနာမည်ကိုတော့ သုံးခွင့်ပြုလောက်မယ်ထင်ပါတယ်။ ဓါတ်ပုံရိုက်ခြင်းအစီအစဉ်ပြီးတဲ့နောက်ပိုင်း မွေးနေ့ရှင်က ၀ယ်ကျွေးတဲ့စားစရာတွေလည်း အများကြီး စားခဲ့ကြတယ်။ ပြီးရင် သူကိုယ်တိုင် ချက်ထားတဲ့ ထမင်းနဲ (ယာဟု)ကိုလည်း သူ့အခန်းအထိလိုက်ပြီးတော့ စားခဲ့ရပါတယ်။ ထမင်းနဲစားဖို့ကို တကူးတက လာတဲ့ လူနာတစ်ယောက်လည်း မွေးနေ့ကို တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ သူကတော့ စားရကံမွဲတယ်လို့ပဲ မှတ်ယူရမလားမသိပါ။ စားသောက်ဆိုင်မှာလူအများတွေနဲ့မို့ သူ့ရဲ့ နှာမွှန် ချောင်းဆိုးခြင်းကြောင်း စားခွင့်မသာခဲ့ပါဘူး။ မွေးနေ့ရှင်ကတော့ သူ့မွေးနေ့မှာ မွေးနေ့ရှင်ပီသစွာနဲ့ လက်ဆောင်ကိုလည်း သူက ကံစမ်းမဲနဲ့ ဖောက်ပြီးတော့ ပေးပါတယ် ကံထူးရှင်ကတော့ Mr. Rock ပါ။ အဆိုတော်တော့ မဟုတ်သေးပါဘူး။ နောင်ဆို ဖြစ်နိုင်မဲ့အလားလာရှိကောင်းရှိနိုင်သူလို့လည်း ထင်ရပါတယ်:P မွေးနေ့မှာ ပျော်အောင်ဆိုပြီး စ နောက် ရေးထားတာကို ခင်တဲ့သူငယ်ချင်းတွေ စိတ်မဆိုးဘူးလို့ မှတ်ယူတယ်နော်။






အမှတ်တရဓါတ်ပုံတွေနဲ့အတူ အမှတ်ရစရာ ငါတို့ ကျောင်းသားဘ၀တွေ နောင်ဆို ခြေရာထင်ကျန်ခဲ့တော့မှာ....။ မွေးနေ့မှာ တောင်းဆုခြွေချင်တာက............. ကျောင်းပြီးတော့မဲ့ကျောင်းသားတစ်ယောက်အတွက် နောက်ထပ်ဘ၀ခြေလှမ်းတွေတိုင်းမှာ အဆင်ပြေကျေနပ်မှုတွေနဲ့ပဲ ပြည့်နေပါစေလို့ ဆုတောင်းပေးပါတယ်။

မွေးနေ့ကိတ်လေးကိုတော့ အောက်မှာ ဒီဇိုင်းစုံစုံနဲ့ တကူးတကအွန်လိုင်းကနေ မှာလိုက်တယ်။:P
မွေးနေ့ကိတ်လေးနဲ့အတူ သူငယ်ချင်းအတွက် စပ်ထားတဲ့ ကဗျာလေးကိုလည်း အမှတ်ရစေမဲ့ လက်ဆောင်အဖြစ် နင့်မှတ်စုစာအုပ်ထဲမှာလည်း ရေးပေးမယ်။ နောက်ပြီး ငါ့ blog မှတ်စုမှာလည်း သိမ်းထားလိုက်တယ်နော်...။



True Friend
We are true friends,
Try to understand,

Even in a far distance , We will never ignorance.


By.. RC

မွေးနေ့ ကိတ်လေးတွေကိုတော့ စားလိုက်ပါ... ကဗျာလေးကိုတော့ အမှတ်တရအနေနဲ့စိတ်ထဲမှာ သိမ်းထားပေးပါ။ စိတ်ထဲမှာ မှတ်ရတာတွေများနေမယ်ဆိုရင်လည်း စာအုပ်ထဲမှာသိမ်းထားလို့လည်းရပါတယ် :P (မှတ်ချက် လာလည်သူများလည်း စားသွားနိုင်ပါတယ်နော်)













မွေးနေ့လေးအတွက် ငါ့လက်ဆောင်တွေကို နင်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။(တကယ့်မွေးနေ့လက်ဆောင်ကိုတော့ ခရစ်နှစ်မှာ ကျရောက်မဲ့ မွေးနေ့မှာပဲ မျှော်လင့်စောင့်ဆိုင်းပေးပါရန်....)

နင့်သူငယ်ချင်းအများကြီးထဲက တစ်ယောက်...
Rai Chai

No comments: