Wednesday, February 22, 2012

မိသားစု

ဒီအပင်က ပေါက်ဖွားလာတဲ့
အသီး အပွင့် တွေဟာ
တစ်ချိန်မှာ
သူ့မျိုးစေ့နဲ့ သူ ရှင်သန်ကြမှာပဲ. . .။

သူတို့ တစ်တွေ
အသီးအပွင့် ဘယ်လို ဖြစ်လာကြတယ် ဆိုတာ
သိသလို
လောကဓံ တရား အကြောင်းကိုလည်း
နားလည် ကြပါတယ်။
ဒီ သစ်ကိုင်းပေါ်မှာမှ
ထာဝရ ရပ်တည်လို့ မရနိုင်တာ
သူ ရှင်သန်ဖို့
သူ ကြိုက်ရာမြေ ရွေးပါစေလေ . . .
ရေခံမြေခံ မကောင်းတာတော့
သူ့ အကြောင်းတရားပေါ့ ။

ဒီလိုနဲ့
ညနေ ထမင်းဝိုင်းလည်း
ပန်းကန်ချပ်ရေ လျှော့လာ
နောက်ဆုံးတော့
အရင် အတိုင်း ပင်စည် နှစ်ခွသာ . . .။ ။

ရေးသူ - ရိုးမြင့်ကောင်းသစ် -

(ဒီကဗျာလေးဖတ်ပြီးတော့...အဝေးတစ်နေရာစီမှာ ရှိနေကြရတဲ့ မိသားစုဝင်တွေကို အရမ်းလွမ်းမိတယ်။ လျော့သွားတဲ့ ပန်းကန်တစ်ချပ်ထဲမှာ ကျွန်မပန်းကန်လည်းအပါအ၀င်ဖြစ်ခဲ့တာ ၁၀ နှစ် ၀န်းကျင်ရှိခဲ့ပြီ။ မျိုးစေ့ရှင်သန်ဖို့ ကြိုက်ရာမြေကိုရွေးခဲ့ပေမဲ့လည်း မျိုးနဲ့မြေ ဓါတ်မတည့်လို့ပဲ အသီးအပွင့်တွေ အခုထိ မအောင်နိုင်ခဲ့သေးတာလား?။

အနာဂတ် လူငယ်လေးများ ကိုယ်နဲ့လိုက်ဖက်ရာ မြေခံရေခံအစစ်အမှန်ကို ရှာဖွေရွေးချယ်နိုင်ကြပါစေ........)

No comments: