Sunday, February 5, 2012

Our uni

မကြာခင်ကျောင်းပြီးတော့မဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေ စုစည်းထားချင်မိတယ်။ ဒီအမှတ်တရတွေထဲမှာ ကျွန်မတက်ခဲ့ဖူးတဲ့ ကျောင်းရဲ့ဓါတ်ပုံတွေကိုလည်း စုစည်းထားဖို့ စိတ်ကူးရမိတာနဲ့ အနုပညာဆန်ဆန်နဲ့ သဘာဝကျစွာ ဓါတ်ပုံရိုက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ဆီက သူရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကျွန်မဆီမှာ တင်ဖို့ ခွင့်တောင်းခဲ့တယ်။ သူက ကြည်ဖြူစွာ ခွင့်ပြုပေးလို့ ကျွန်မရဲ့ စာမျက်နှာလေးမှာ သိမ်းထားခွင့်ရတာပါ။ တချို့တွေရဲ့အမြင်မှာ သာမန်ကျောင်းဓါတ်ပုံတွေလို့ မြင်နိုင်ပေမဲ့ တချိန်ချိန်မှာ ဒီဓါတ်ပုံဟာ ကျွန်မတို့ခြေရာလေးတွေ ထင်ကျန်နေခဲ့တော့မဲ့ လွမ်းဆွတ်စရာ နေရာလေးတွေ ဖြစ်လာတော့မှာ မလွဲဘူးလေ။ ခွင့်ပြုပေးတဲ့ သူငယ်ချင်း ဗညာဦး ကိုကျေးဇူး အရမ်းတင်ပါတယ်လို့…။










Photo by.. Banya Oo (P.P.E)

No comments: