Monday, July 25, 2011

လိုအပ်ချက်များ

ခြောက်သွေ့နေတဲ့ကန္တာရအတွက်
မိုးရေတွေ လိုအပ်တယ်

နှင်းခဲလွင်ပြင်အတွက်
နေရောင်လိုအပ်တယ်

နှလုံးသား တစ်ခုအသစ်ဖြစ်ဖို့
ခံစားမှုတစ်ချို့လိုအပ်တယ်

ကြေကွဲမှုတွေ မခံချင်လို့
အလွမ်းမဲ့ခန္ဓာလိုအပ်တယ်

အမှောင်ကမ္ဘာထဲက ထွက်နိုင်ဖို့
လမ်းပြအလင်းတန်းလိုအပ်တယ်

မျှော်လင့်နေတဲ့ ဘ၀အတွက်
အာမခံချက်တစ်ချို့ လိုအပ်တယ်

အနာဂတ်နေမ၀င်သွားဖို့
မင်းရဲ့အချစ်တွေ လိုအပ်တယ်

............လိုအပ်တယ်...........
တစ်ခါတစ်လေတော့..
ဘာမှမလိုချင်တဲ့စိတ်ကို လိုအပ်ခဲ့တယ်

ရေးသူ- ခေါင်ခေါင်

No comments: