Tuesday, July 19, 2011

အာဇာနည်နေ့အတွက် ဂုဏ်ပြုကဗျာ



ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား ၊
ဇာတိ နတ်မောက် ကိုးခရိုင် ၊
သိကြများ ခုတိုင် ၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား ၊
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး ၊
ဇူလိုင် တစ်ဆယ့်ကိုး ။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင် ၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား ။



၁၉၄၇၊ ဇူလိုင် (၁၉) တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ.....

ဗိုလ်ချုပ်အောင်ဆန်း

ဦးဘချို

မန်းဘခိုင်

ဦးဘ၀င်း

သခင်မြ

ဦးရာဇာတ်

စ၀်စံထွန်း

ဦးအုန်းမောင်

ရဲဘော်ကိုထွေးအပါအ၀င် အာဇာနည် (၉) ဦး ကျဆုံးခဲ့ကြတယ်။

လေးစားအပ်သော နိုင်ငံခေါင်းဆောင်ကြီးများအား ရိုသေစွာဖြင့် ဦးညွှတ် ဂါရ၀ပြုလိုက်ပါတယ်။

No comments: