Sunday, July 24, 2011

ကြွေခဲ့ရင်.....

ဥယျာဉ်မှာ အလှဆင်တဲ့ ပန်းပွင့်တွေ ကြွေကျရင်

သူ့သခင်က ယုယစွာ နှမြော တသသဖြစ်ကြမှာ......

လမင်းမရှိတဲ့ ညမှာ အလင်းဖြာပေးတဲ့

ကြယ်လေးတွေ ကြွေကျတဲ့အခါ

ဘယ်သူတွေက နှမြော တသသဖြစ်ကြမှာလဲ............?

တကယ်ဆို....

ငါက မင်းဘ၀ လမင်းပျောက်တုန်းခဏ

အလင်းပေးဖူးတဲ့ ကြွေလွင့်ရမဲ့ ကြယ်တစ်ပွင့်ပါပဲလား?

သဘာဝ နိယာမအရ

ပန်းတွေကြွေရင် မြေခတယ်

ဒီလိုဆို

ကြယ်တွေကြွေရင်

ဘယ်စကြ၀ဠာမှာ ကျမလဲ?

ငါ့အချစ်တွေကြွေရင်ရော.....

ဘယ်ရင်ခွင်မှာ ခရမလဲ...?

ဝန်ခံချက်။ ။ (ဇင်ယော်မောင်မောင် ရိုက်ကူးခဲ့သော ဇာတ်ကားတစ်ကားမှ စာသားဖြစ်တဲ့

"ပန်းတွေကြွေရင် မြေခတယ်။ ကြယ်တွေကြွေရင် ဘယ်သူ့ရင်ခွင်ပေါ် ကျမှာလဲ..." ဆိုတာကို ဆွဲဆံ့ထားတာပါ။)

No comments: