Friday, April 26, 2013

ရွှန်း..လဲ့ဖြာလင်း



လေပြေနုနုအဝေ့မှာ
မြက်ခင်းရနံ့ထုံသင်း
တိမ်မင်းကဖြူလွှလွှ
လမင်းကြီးလည်း ပြည့် ပြည့်ဝန်း
ရွှန်းရွှန်းစိုလဲ့ဖြာလင်း
ငွေမှင်ရည်အဆင်းနှယ်
ရှု မ၀နိုင်ဖွယ် သဘာဝအလှ
လရောင်ခင်းတဲ့ ညမင်းဝယ်
သြော်……
ရွှန်းလဲ့ဖြာလင်း ညမင်းဝယ်။ ။

 စကားမစပ် လသာရင် ကျွန်မကို သတိရသော သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်သောအားဖြင့် လသာညမှာ ကဗျာရေးဖို့ စိတ်ကူးထားရာကနေ ဒီကဗျာလေး ရေးဖြစ်သွားတဲ့အတွက်လည်း တဖန် ကျေးဇူးတင်ပါတယ်။ စာရေးဆရာ မဟူရာ (လွိုင်ကော်) ရဲ့ဝတ္ထုထဲက ကဗျာတွေဖတ်ပြီး စာရေးဆရာရဲ့ ဖွဲ့နွဲ့ဟန်ဖြင့် ကြိုးစားရေးကြည့်ထားတဲ့ ကဗျာလေးပါ။ စာရေးဆရာရဲ့ အနုအရွစာလုံးအလှတွေနဲ့အဖွဲ့အနွဲ့တွေကို အရမ်းနှစ်သက်အားကျခဲ့တာ ၀တ္ထုတွေစဖတ်ကတည်းကစပြီး အခုထိပါပဲ။ 
 သူငယ်ချင်းများလည်း လသာတဲ့ညချမ်းတွေမှာ ငြိမ်းအေးစွာ မှေးစက်နိုင်ကြပါစေလို့.....:)

No comments: