ဤပန်းပွင့်များလိုသာ...
နက်မှောင်လွန်းတဲ့ ရိုးတံတွေကနေ
ပွင့်ဖူး ရှင်သန်လာခဲ့ရပေမဲ့...
အနီရင့်ရင့် ပွင့်ဖတ်တွေဖြန့်ကား
ရဲရင့်ခြင်း အားမာန်အပြည့်နဲ့...
တည်ငြိမ်တဲ့ အလှတရားတွေ ပြည့်နှက်နေတဲ့
မိုးကောင်းကင်သို့... မော်ကြည့်နိုင်ဖို့...
မာယာများပြီး လှည်းဖြားတတ်တဲ့
တိမ်တိုက်တွေ လွင့်စင်မဲ့အချိန်ကို
စောင့်စားလျှက်...
ယုံကြည်ချက်ဖြင့်
အသက်ဆက်နေမဲ့ ပန်းပွင့်များသာ
ငါတို့ ဖြစ်ပါရစေသား။(ငါတို့တတွေ.... ဖြစ်ရပါစေသား။ ။)
(လက်ဆောင်ရတဲ့ပန်ချီးကားလေးအတွက် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုအမှတ်တရ ချရေးမိတဲ့ကဗျာတစ်ပုဒ်ပါ။)
No comments:
Post a Comment